မအူပင်မြို့တွင် စေတနာ့ဝန်ထမ်းများအား  သင်တန်းပို့ချ

mdn

မအူပင် သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ စေတနာဝန်ထမ်းများအား စေတနာ့ဝန်ထမ်းသင်တန်း ပို့ချခြင်းကို ယမန်နေ့နံနက် ၁၀နာရီက မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သင်တန်းပို့ချ ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက သင်တန်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်စကား ပြောကြားခဲ့ပြီး သင်တန်း ဆက်လက်ပို့ချရာ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းသားများအား PPE ဝတ်စုံ အား စနစ်တကျဝတ်နည်းနှင့် ချွတ်နည်းအား အသိပညာပေးပြောကြားပြီး လက်တွေ့ပို့ချပေးခဲ့သည်။ 

ဆက်လက်၍ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ုကားရေးမှူးဒေါ်ဆင့်က စေတနာ့ဝန်ထမ်း လက်စွဲပါ ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊စေတနာ့ဝန်ထမ်းများ၏ တာဝန်နှင့်လုပ်ငန်း လမ်းညွှန်၊ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှု၊စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေး ခြင်း၊ဦးတည်အုပ်စုအလိုက်ဝန်ဆောင်မှုပေးခြင်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက စေတနာ့ဝန်ထမ်းဆိုတာ မွန်မြတ်တဲ့ အလုပ် ဆောင်ရွက်သူများဖြစ်ပြီး အခက်အခဲများလည်း ကြုံတွေ့နိုင်ကြောင်းကြုံတွေ့ခဲ့ပါက တစ်ဦးနှင့်တစ်ဦး လက်တွဲခေါ်ယူသွားကြဖို့လိုကြောင်း မြို့နယ်အတွက် စေတနာ့ဝန်ထမ်းများရဲ့အင်အားလိုအပ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်။


စေတနာ့ဝန်ထမ်းသင်တန်းသို့ မအူပင်မြို့ရှိစေတနာ့ဝန်ထမ်းများ သင်တန်းသား(၃၀)  တက်ရောက်ခဲ့ ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

ခရိုင် ပြန်/ ဆက် (မအူပင်)