Mask နှင့် လက်သန့်ဆေး၊ အသက်ကယ်ဘောကွင်းများနှင့် အသက်ကယ်ကြိုးအိတ်များ လှူဒါန်း

နေပြည်တော်  ၂၄  စက်တင်ဘာ

 

Aries Elan ကုမ္ပဏီက  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့  ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅၀၀၀)၊ လက်သန့်ဆေးဘူး (500 ml)(၂၄၀) နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန် များတွင် အသုံးပြုနိုင်ရန်အတွက် အသက်ကယ်ဘောကွင်း(၁၀၀)၊ အသက်ကယ် ကြိုးအိတ် (၂၀)တို့ကို ယနေ့ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)