Marine Baseline Survey of EIA Study of MD-7 Exploration Drilling Campaign လုပ်ငန်းများနှင့် Marine Baseline Survey of EIA Study of M-9 Appraisal Drilling Campaign လုပ်ငန်းများအား ဆောင်ရွက်မည် ဖြစ်ပါ၍  ရေကြောင်းသတိပေးချက်ထုတ်ပြန်

နေပြည်တော်   ၁၈   နိုဝင်ဘာ

 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် Marine Baseline Survey of EIA Study of MD-7 Exploration Drilling Campaign လုပ်ငန်းများနှင့် Marine Baseline Survey of EIA Study of M-9 Appraisal Drilling Campaign လုပ်ငန်းများအား Survey Vessel, TAN CANG 66 (Call Sign : 3WXO7) ဖြင့် ဆောင်ရွက်မည် ဖြစ်ပါသည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Marine Baseline Survey of EIA Study of MD-7 Exploration Drilling Campaign ကို Restricted Area Boundary Coordinates (MD-7) Point(1) မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၄၀ မိနစ် ၁၅ ဒသမ ၇၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၅ မိနစ် ၃၃ ဒသမ ၆၄ စက္ကန့်၊ Point(2) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ် ၂၅ ဒသမ ၅ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၈ ဒသမ ၈၉ စက္ကန့်တွင် (၂၀.၁၁.၂၀၁၉) ရက်နေ့မှ (၂၅.၁၁.၂၀၁၉) ရက်နေ့အထိ လည်းကောင်း၊ Restricted Area Boundary Coordinates (M-9) Point.A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၉ မိနစ် ၅၉ ဒသမ ၀၆၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၄ မိနစ် ၁၆ ဒသမ ၆၀၉ စက္ကန့်၊ Point.B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၄၀ မိနစ် ၀၀ ဒသမ ၄၃၄ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၄ မိနစ် ၄၉ ဒသမ ၁၂၅ စက္ကန့်၊ Point.C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ် ၀၀ ဒသမ ၁၂၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၄ မိနစ် ၄၈ ဒသမ ၂၇၂ စက္ကန့်၊ Point.D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့်၊ Point.E မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၄ မိနစ် ၁၃ ဒသမ ၂၃၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၀၀ ဒသမ ၂၂၄ စက္ကန့်၊ Point.F မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၄ မိနစ် ၁၂ ဒသမ ၈၉၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၄ မိနစ် ၁၅ ဒသမ ၆၄၆ စက္ကန့်၊ Point.G မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၉ ဒသမ ၆၅၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၄ မိနစ် ၁၅ ဒသမ ၂၅၄ စက္ကန့်၊ Point.H မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၈ ဒသမ ၈၁၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၄ မိနစ် ၂၁ ဒသမ ၁၆၂ စက္ကန့်တို့တွင် (၂၅.၁၁.၂၀၁၉) ရက်နေ့မှ (၁.၁၂.၂၀၁၉) ရက်နေ့ အထိလည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ Marine Baseline Survey of EIA Study of MD-7 Exploration Drilling Campaign ကို (၂၀.၁၁.၂၀၁၉) ရက်နေ့မှ (၂၅.၁၁.၂၀၁၉) ရက်နေ့အထိ လည်းကောင်း၊ Marine Baseline Survey of EIA Study of M-9 Appraisal Drilling Campaign ကို (၂၅.၁၁.၂၀၁၉) ရက်နေ့မှ (၁.၁၂.၂၀၁၉) ရက်နေ့ အထိလည်းကောင်း လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာ မှု မဖြစ်ပေါ်စေရေးအတွက် အထက် ဖော်ပြပါ တည်နေရာများမှ    ၄ ကီလိုမီတာ ပတ်လည် အတွင်း  ရေကြောင်း သတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွား လာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထား ခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။

 

(သတင်းစဉ်)