မဲလောခီးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ် ၂၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲလောခီးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မဲလောခီးကျေးရွာအုပ်စု၊ ဝါးမီးကလားကျေးရွာတွင် ဒေသနေပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

mdn

 

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော် အစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အလုပ်အကိုင် အခက်အခဲဖြစ်ခဲ့မှုအပေါ် ယခုလို ငွေကြေးထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မဲလောခီး ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစုစုပေါင်း (၂၄၂)စု တို့အတွက် တစ်စုလျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ်စုစုပေါင်း ၄၈၄၀ဝ၀ဝ ကျပ်ကို ရှမ်းရွာသစ်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

မဲလောခီးကျေးရွာအုပ်စုတွင် အိမ်ထောင်စုပေါင်း (၄၀ဝ)ရှိသည့်အနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း (၂၄၂)စုတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)