မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအသုတ်(၂၀၁၈)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် Training Course On Food Processing စီမံကိန်းတွင် သင်တန်းများ အခမဲ့ဖွင့်လှစ်ရန် ကြေငြာမည်

၃၀  စက်တင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအသုတ်(၂၀၁၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် Training Course On Food Processing စီမံကိန်းတွင် သင်တန်းများ အခမဲ့ဖွင့်လှစ်ရန် ကြေငြာထားပြီး တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းများကို အောက်တိုဘာလမှစ၍ စဉ်ဆက်မပြတ် အခမဲ့ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဆန်၊ပဲ တာရှည်ခံသီးနှံခြောက်၊ သဘာဝသစ်သီးဖျော်ရည်၊ ရေခဲမုန့်၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီးအမျိုးမျိုး ပြုလုပ်ခြင်းနှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများအား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

MDN