မအီမြို့တွင် ဝါတွင်းကာလဥပုသ်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူမည်

မအီ  ဩဂုတ်

ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မစကြာအခါတော်နေ့၊ ယနေ့ဒုတိယဝါဆိုလပြည့်နေ့မှစတင်၍ မအီမြို့ပေါ်ရှိ ဘုန်တော်ကြီးကျောင်း(၁၃)ကျောင်းတို့မှ သံဃာတော်များကို ဝါတွင်းကာလဥပုသ်နေ့တိုင်း၌ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူနိုင်ရေးအတွက် မအီမြို့ပေါ်ပရဟိတ လူငယ်များစုပေါင်း၍ အရုဏ်ဆွမ်းလောင်းအသင်းကို ဖွဲ့စည်ခဲ့သည်။ ဆွမ်လောင်းအသင်းကို မအီမြို့၊ အမှတ်()ရပ်ကွက်၊ ဥက္ကံတောင်ဘုန်းတော်ကြီးကျောင်းရှေ့တွင် တည်ဆောက်ထားရှိပြီး ယနေ့အရုဏ်နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ကျောင်းများမှ ဆွမ်းခံကြွရောက်သံဃာတော်(၅၀)ပါးခန့်ကိုလောင်းလှူခဲ့ကြသည်။

ဖော်ပြပါ အရုဏ်ဆွမ်းလောင်းလှူနိုင်ရေးနှင့်ပတ်သက်၍ " မြို့ပေါ်ကပရဟိတ လူငယ်တွေ စုပေါင်းပြီးတော့ ဒီဆွမ်းလောင်းအသင်းကို ဖွဲ့စည်းခဲ့တာပါ။ ဒီဆွမ်းလောင်းအသင်းကို ဖွဲ့စည်းခဲ့တာပါ။ အပတ်စဉ်ဆွမ်းချက်နိုင်ရေးအတွက်လည်း ငွေကြေးတတ်နိုင်တဲ့စေတနာရှင် အလှူရှင်တွေက မတည်လှူဒါန်းကြပါတယ်။ အဖွဲ့ဝင်လူငယ်တွေကလည်း အလှူခံကြပါတယ်။ အလှူငွေတွေလည်း ဝါတွင်းဥပုသ်(၁၃)ပတ်အတွက် အခိုင်အမာမဟုတ်ရင်တောင် သင့်တင့်သလောက်ရရှိထားပြီး ဖြစ်ပါတယ်။  အခုလို ဝါတွင်းကာလအရုဏ်ဆွမ်းလောင်းလှူခဲ့တာက ယခင်နှစ်ကတည်းကပါ။ ဒီနှစ်ကဒုတိယ အကြိမ်ဖြစ်ပါတယ်။ ဒီလိုသဒ္ဓါတရား ထက်သန်စွာ အရုဏ်ဆွမ်း လောင်းလှူနိုင်ရေးကို အစဉ်အလာမပျက်ရအောင် နောင်လာမည့်နှစ်များမှာလည်း ဒီလိုအသင်းကိုဖွဲ့စည်းပြီး နှစ်စဉ်ကြိုးစား ဆောင်ရွက်သွားပါ့မယ်လို့ ရည်မှန်းထားပါတယ်။ " ဟု အဆိုပါဆွမ်းလောင်းအသင်းကို ဦးဆောင်စီမံဆောင်ရွက်သူ ပရဟိတလူငယ် ကိုဖြိုးဝေလင်းက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)

 

FB_IMG_1596439120556

 

FB_IMG_1596439002939