မဲစာရင်းပြုစုခြင်းသင်တန်း ဖွင့်လှစ်မည်

နေပြည်တော် ၇  ဇန်နဝါရီ 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation For Electoral Systems (IFES)တို့ ပူးပေါင်း၍ မဲစာရင်းပြုစုခြင်းသင်တန်းကို နေပြည်တော်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သိရသည်။ 

 

မောင်မောင်မျိုး