မိုးနဲ ၁၉ စက်တင်ဘာ
ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး (Access to health MNCH) ရန်ပုံငွေဖြင့် မာရီစတုပ်(စ်) မြန်မာမှ မိခင်နှင့် အသက်ငါးနှစ်အောက်ကလေး ကျန်းမာရေးစီမံကိန်း အသိပေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မိုးနဲမြို့နယ် အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ၊ မာရီစတုပ်(စ်)မြန်မာ အဖွဲ့ မန်နေဂျာ ဒေါက်တာဖြိုးသူအောင်က အဖွဲ့၏လုပ်ငန်းများ၊ မိခင်နှင့် အသက်ငါးနှစ်အောက် ကလေး ကျန်းမာရေးစောင့်ရှောက် ထောက်ပံ့ပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး သိရှိလိုသောအချက်များအား တက်ရောက်လာသူများက မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ ၊ကျန်းမာရေးဝန်ထမ်းများ ၊ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊စာရေးဝန်ထမ်းများ ၊မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀ဝ ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ)


