လယ်ဝေးမြို့နယ်၌ မီးပလပ်ခုံဝါယာရှော့ဖြစ်ရာမှတစ်ဆင့် နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံး

နေပြည်တော်   ၆   မတ်

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာတွင် ယနေ့ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်က ၎င်းကျေးရွာနေ ဦးချစ်ကို၏ နေအိမ်နွားတင်းကုတ်ရှိ မီးပလပ်ခုံ ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ မိနစ် ၄၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၎င်းနေအိမ်အနီးနေ နှလုံးရောဂါဝေဒနာ ခံစားနေရသူ ဒေါ်သဲ(၆၁)နှစ်မှာ အကြောက်လွန်ကာ ရုတ်တရက် နှလုံးရပ်တန့် သေဆုံးသွားကြောင်းနှင့် ဦးချစ်ကိုအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား