လူထုစက်ဘီးစီးပွဲတွင် ပါဝင်သူ (၅၀ဝ) ဦးကျော် ဝင်ရောက် လှုပ်ရှား

ရန်ကုန်       ၂၉   စက်တင်ဘာ      

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ စက်ဘီးစီးအား ကစား ဝါသနာပါသူ (၅၀ဝ)ဦးကျော်ပါဝင် လှုပ်ရှားသော ရန်ကုန်တိုင်းဒေသကြီး  လူထုစက်ဘီးစီးလှုပ်ရှားမှု ကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြောက်ပိုငိးခရိုင် အင်းစိန်မြို့နယ် နံသာကုန်းပန်းခြံ အနီးတွင် တာဝင်/တာထွက်လှုပ်ရှားဆောင်ရွက် ကြောင်းသိရသည်။

" ဒီလို လူထူစက်ဘီးစီးပွဲ တွေ ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဘက်မှာလည်း အထောက်အကူပြု စေတယ်။ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုလောင်စာဆီ နည်းသွားတဲ့အပြင် စက်ဘီးစီးအားကစားကို လူစိတ်ဝင်စားလာပြီး စီးရင်းစီးရင်းနဲ့စက်ဘီးကို ပြိုင်ချင်လာတယ်။စက်ဘီးစီး အားကစားအတွက်လည်းအထောက်အကူအများကြီးရပါတယ်။ရှေ့ဆက်ပြီးတော့ နွေ၊ မိုး၊ ဆောင်း ရာသီသုံး မျိုးမှာ လတိုင်းလတိုင်းတောက်လျှောက်ကျင်းပသွားမှာပါ။ ဒီတစ်ကြိမ်ဆိုရင်လည်းတောက်လျှောက်ကျင်းပလာတာ အကြိမ်(၄၀) ရှိခဲ့ပြီပေါ့။ ဒီနေ့ကတော့ လူဦးရေ ၅၀ဝ ကျော် တယ်။ အရမ်းများ ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စက်ဘီးစီးဆပ်ကော်မတီ ဥက္ကဌ ဦးချိုကပြောသည်။

ထိုနေ့ လှုပ်ရှား မှုတွင် အင်းစိန် နံသာကုန်းပန်းခြံမှစတင်တာထွက်ကာလမ်းသစ်လမ်း - မင်းကြီး လမ်း - အောင်မင်္ဂလာဒုံလမ်း - ခရေပင်လမ်းခွဲ - ပြည်လမ်းအတိုင်း အင်းစိန် နံသာ ကုန်းပန်းခြံ သို့တာဝင်ကြောင်းသိရသည်။ ထိုလှုပ်ရှားမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားမှုးများနှင့် ရန်ကုန်တိုင်းဒေသကြီး စက်ဘီးစီးဆပ်ကော်မတီ တို့ပူးပေါင်းကာ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြောင်းသိရသည်။

ထိုလူထုစက်ဘီးစီးပွဲတွင်  စက်ဘီးစီးအားကစားဝါသနာပါသူ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များအပြင်အခြား မြို့နယ်အသီး သီးမှ ဝါသနာရှင် အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး စုစုပေါင်း ၅၀ဝ ဦးခန့် ဝင်ရောက်လှုပ်ရှားကြကြောင်းသိရသည်။ မည်သည့် စက်ဘီး အမျိုးအစားမဆို ဝင်ရောက်စီးနင်း လှုပ်ရှားနိုင်ကြောင်းသိရသည်။  ရန်ကုန် အရှေ့ပိုင်းခရိုင်လူထူစက်ဘီးစီးပွဲကိုကန်တော်ကြီးပတ်လမ်း၌ အောက်တိုဘာ နောက်ဆုံးရက်သတ္တပတ်တွင်လည်းကောင်း၊ ရန်ကုန်အနောက် ပိုင်းခရိုင်စက်ဘီးစီးပွဲကို အင်လျား ကန်ပတ်လမ်းတွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် စက်ဘီးစီးပွဲကို သန်လျင်မြို ့ကျိုက်ခေါက်ဘုရားလမ်းတွင်လည်းကောင်း၊ သက်မှတ်ရက်များအလိုက် လူထုစက်ဘီးစီးလှုပ်ရှားမှုများ ကို အလှည့်ကျ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်ဘီးစီးဆပ်ကော်မတီ မှသိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး