လူထုဗဟိုပြုစီမံကိန်း(စတုတ္တ)နှစ် စက်ဝန်း ဝယ်ယူရေးဆိုင်ရာမွမ်းမံ သင်တန်းဖွင့်

ပေါက်   ၁၉   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည် ဖော်ဆောင်ရွက်သောလူထုဗ ဟိုပြုစီမံကိန်း(စတုတ္တ)နှစ် စက်ဝန်း ဝယ်ယူရေး ဆိုင်ရာ မွမ်းမံ သင်တန်းကို ပေါက်မြို့နယ် မင်္ဂလာရာမဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ သင်တန်းကိုကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဦးစီးမှူးဒေါ်အေး အေးသန့်က အဖွင့်အမှာစကား ပြောကြားရာတွင်ဝန်ထမ်းများ အနေဖြင့်စီမံကိန်းလုပ်ငန်းများ နှင့် သင်တန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ကျသော လုပ်ငန်းအစီအစဉ်များ ရေးဆွဲလုပ်ဆောင် ကြရန်နှင့် သင်တန်းမှ ရရှိလာသော အသိပညာဗဟုသုတများကို ကျေးရွာလူထု အားပြန်လည်မျှဝေ ကြရန် ပြောကြားခဲ့သည်။

 

၁

 

ဆက်လက်ပြီး လူထုဗဟိုပြုအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်မှ အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် ဝယ်ယူရေးဆိုင်ရာ မှတ်တမ်းများ စနစ်တကျ မှတ်တမ်းထားပြီး ထိန်းသိမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

 

၎င်းနောက် နည်းပညာအကြံပေး ဝယ်ယူရေးတာဝန်ခံဦးတင်ထူးအောင်က သင်တန်း၏ ရည်ရွယ် ချက်များ ပြောကြားရာတွင် ကျေးရွာအဆင့်ဝယ်ယူရေး နည်းလမ်းများ စနစ်တကျ လုပ်ကိုင်တတ် စေရန်နှင့် ဝယ်ယူရေးပုံစံများသိရှိ နားလည်ပြီးကျေးရွာအဆင့် တွင်ပြန်လည်ပို့ချ နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

အဆိုပါ သင်တန်းကိုတစ် ရက်တာဖွင့်လှစ်ပို့ချမှာဖြစ်ပြီး သင်အတန်းသားဦးရေစုစု ပေါင်း(၆၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

 

ဉာဏ်တိုး(ပေါက်)