လူသစ်တန်း ကာယဗလနှင့် ကာယကြံ့ခိုင်မှု မောင်မယ်ပြိုင်ပွဲကျင်းပမည်  

ရန်ကုန် ၂၆ ဇွန် 


မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် လူသစ်တန်း ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲကို ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။   


အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သော ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများနှင့် မြန်မာ့လက်ရွေးစင် ရရှိခဲ့ဖူးသူများ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လိုသူများသည် ဇွန် ၂၉ ရက် နောက်ဆုံးထား၍ ဖုန်း- ဝ၉၄၅၀ဝ၂၅၈၆၈၊ ဝ၉၇၉၅၀ဝ၇၂၁၃ သို့ ဆက်သွယ်မေးမြန်နိုင်ကြောင်း သိရသည်။


အေကေလင်း