လူငယ်နှင့် ငြိမ်းချမ်းရေး ပြည်သူ့စကားဝိုင်း မန္တလေးတွင် ကျင်းပ

မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ကျင်းပသည့် လူငယ်နှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ပေါင်းလဲဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပသည်။

 

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် မဟာအောင်မြေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ဒေါ်လှိုင်ယဉ်နွယ်၊ စာရေးဆရာ ဇော်ခိုင်ဦး၊ ဒေါက်တာ တေဇာစန်းနှင့် ကဗျာဆရာ မောင်ဖြိုးဝေတို့က လူငယ်နှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်နှင့် စကားဝိုင်းကို ဦးဆောင်ဆွေးနွေးကြသည်။ ထို့နောက် ဦးဆောင်ဆွေးနွေးသူများနှင့် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်ဟု သိရှိရသည်။

 

ဆက်လက်၍ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြေကြားသည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)