လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မှတ်ပုံတင် ကုန်တင်ကုန်ချလုပ်သားများအား နိုင်ငံတော်အစိုးရမှ  ထောက်ပံ့ငွေပေးအပ်

ရန်ကုန်  ၂၉  အောက်တိုဘာ

 

ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မှတ်ပုံတင် ကုန်တင်ကုန်ချလုပ်သားကြီးများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဗိုလ်တထောင် မြို့နယ်  တိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံးခန်းမတွင်  အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက  ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးက အမှာစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးများရှိ လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မှတ်ပုံတင်ကုန်တင်ကုန်ချလုပ်သားများကို နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် လမ်းမတော်မြို့နယ် ၃၂၇ ဦး ၊ ကြည့်မြင်တိုင် မြို့နယ်  ၉၈၆ ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်  ၂၃၀ ၊ မရမ်းကုန်းမြို့နယ် ၁၇၄ ဦး၊ ဗိုလ်တထောင်မြို့နယ် ၇၁ ဦး ၊အင်းစိန်မြို့နယ် ၁၃၂ ဦး စုစုပေါင်း  ၁၉၂၀ အတွက် ငွေကျပ် ၅၇၆ သိန်း  ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း  သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက် )