လုပ်သား(လိုင်း)ဝန်ထမ်းများ၏ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်၊  ဩဂုတ်  ၂၁

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် တာဝန်ထမ်းဆောင် နေသော လုပ်သား(လိုင်း)ဝန်ထမ်းများ၏ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း(ရုံးချုပ်) မြေညီထပ်စုဝေး ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဉက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၊ ဌာနကြီးမှူးများ၊ သက်ဆိုင်ရာခရိုင်လျှပ်စစ်မန်နေဂျာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား များ တက်ရောက်ကြပြီး ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ လုပ်ငန်းသုံး ပစ္စည်းများကို စနစ်တကျကိုင်တွယ်  အသုံးပြုနိုင်စေရန်နှင့်  လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်၊ လုပ်ငန်းတာဝန်များ ထိရောက်စွာ သိရှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား(၄၀)ဖြင့် ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)