လုပ်ငန်း (၂၉၀) ခုသို့ ခွင့်ပြုငွေပမာဏ ကျပ် (၈ ဒသမ ၇၃၃၅) ဘီလီယံကို COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့်

စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ

    သတင်းထုတ်ပြန်ချက် (၅/၂၀၂၀)

   ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်

၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပဉ္စမအသုတ်အဖြစ် ပူးတွဲပါ လုပ်ငန်း (၂၉၀) ခုသို့ ခွင့်ပြုငွေပမာဏ ကျပ် (၈ ဒသမ ၇၃၃၅) ဘီလီယံကို COVID-19 Fund မှ ချေးငွေထုတ်ယူခွင့် ပြုလိုက်ပါသည်။

၂။ အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

mdn1

 

mdn2

 

mdn3

 

mdn4

 

mdn5

 

mdn6

 

mdn7

 

mdn8

 

mdn9

 

mdn10

 

mdn11

 

mdn12

 

mdn13

 

mdn14