လွှတ်တော်အစည်းအဝေးများ မေ ၁၄ ရက်တွင် ပြန်လည်ကျင်းပမည်

နေပြည်တော် ၂၃ ဧပြီ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အဋ္ဌမပုံမှန် အစည်းအဝေးများကို နေပြည်တော်၌ မေ ၁၄ ရက်တွင် ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း လွှတ်တော်အသီးသီးက ထုတ်ပြန် ကြေညာခဲ့သည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို မေ ၁၄ ရက် (တနင်္လာနေ့) မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို မေ ၁၄ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို မေ ၁၄ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင်လည်းကောင်း စတင်ကျင်းပသွားဖြစ်ကြောင်း သိရသည်။ 

 

 

 

 

MDN