လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းမာရသွန်ပြိုင်ပွဲ ကျင်းပ

ခင်ဦး ၃ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၆ နာရီက သရက်ပင်စုကျေးရွာမှ ခင်ဦးမြို့သို့ စတင်တာလွှတ်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၄၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အောင်သီရိရပ်မှ ပထမ မောင်နိုင်ထွန်းဝင်း၊ ဒုတိယ မောင်ရဲနောင်၊ တတိယ မောင်စိုးထက် တို့ရရှိပြီး နှစ်သိမ့်ဆု (၁၀) ဆုနှင့် ပန်းဝင်သူများကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်သည်။ အလွတ်တန်း မာရသွန်ပြိုင်ပွဲတွင် ပန်းဝင်သူ (၃၂) ဦး ရှိကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)