လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်သီချင်းသီဆိုပြိုင်ပွဲနှင့် ဆေးရေးပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းကိုင်  ၃  ဇန်နဝါရီ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်သီချင်း သီဆိုပြိုင်ပွဲနှင့် ဆေးရေးပန်းချီ ပြိုင်ပွဲကို မြို့နယ်ပြန်/ဆက်ရုံး၊ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းကိုယ်စားပြု ကျောင်းသား/ကျောင်းသူ ဦးရေ ၃၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

419

 

ပြိုင်ပွဲတွင် မြန်မာနိုင်ငံတော်သီချင်းကို တစ်ဦးချင်း ၊ အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်း၊ နိုင်ငံတော်သီချင်းနှင့်ပတ်သက်သော ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုယှဉ်ပြိုင်ခြင်း၊ ဆေးရေးပန်းချီပြိုင်ခြင်းများ ပြုလုပ်ကာ ဆုရရှိသူများ အားလုံးကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

219

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)