လျှပ်စစ်ခကို ပိုပေးရတယ်ဆိုတာမျိုးဖြစ်တော့မယ်။ ဒါကို လူတွေလက်ခံလာအောင် ဆောင်ရွက်ရမှာပါ။ ဒီလို တိုးကောက်ပြီးရင် ကာလတို၊ ကာလလတ်၊ ကာလရှည်မှာ အဖြေတော့ ရှိရမယ်

ယမန်နေ့မှအဆက်

ဦးကိုကို(စက်မှုတက္ကသိုလ်)။

ဒုတိယဝန်ကြီး ဆွေးနွေးသွားတဲ့အပေါ်မှာ ဆရာကြီး အနေနဲ့ စီးပွားရေးရှုထောင့်ကပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲမှု ရှုထောင့်ကပဲဖြစ်ဖြစ် ထပ်ပြီးဆွေးနွေးပေးပါဦး။

 

ဒေါက်တာအောင်ထွန်းသက်။

အခုဆွေးနွေးနေတဲ့အထဲမှာ သုံးနေတဲ့စကားလုံး Subsidy ဆိုတဲ့ စိုက်ထုတ်မှုဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လာရင် အကြောင်းအချက်တစ်ခုက cross subsidy ဆိုတာပါ။ cross subsidy ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကို ျွညေါန ကို မြှင့်ထားပြီးတော့ အဲဒီကရတဲ့ငွေကို အခြေခံဘက်ကို မျှဝေပေးတဲ့သဘောဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေက ပိုပေးရတယ်၊ စားသုံးသူတွေကို လျော့ပေးရင် စားသုံးသူတွေအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ လုပ်ငန်းရှင်တွေအတွက် စရိတ်ကြီးတာက တစ်ပိုင်းပါ။ အစကပြန်ပြောရင် မီးတစ်ပွင့်တည်းသုံးတဲ့သူတွေအတွက် အဲဒီလောက်မသိသာဘူး။ အကျိုးအမြတ် မရှိဘူး။ လေအေးပေးစက် ၁၀ လုံးဖွင့်တဲ့သူအတွက်က သိသာမယ်။ တော်တော်အဆင်ပြေတယ်။ ဘာဖြစ်သွားသလဲဆိုတော့ လုပ်ငန်းရှင်တွေအတွက်က တကယ်တမ်း ဘယ်သူ ့ဝန်တွေကို ထမ်းနေရလဲဆိုရင် လေအေးပေးစက် ၁၀ လုံးသမား တွေအတွက် ထမ်းနေရတယ်လို့ တွေ့ရတယ်။ ဒါလေးက စဉ်းစားရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်။

နောက်တစ်ခုက မလွဲမသွေ စားသုံးစရိတ်ကတော့ တက်လိမ့်မယ်။ ဒီလိုတက်တဲ့ အတွက် ကိုယ့်နိုင်ငံမှာ ဖြစ်တတ်တာက လျှပ်စစ်ခက မတက်ရသေးဘူး၊ တခြားဟာ တွေက လိုက်တက်တာတွေရှိတယ်။ ဒါကိုတော့ သတိထားဖို့ လိုလိမ့်မယ်။ အရင်က ဝန်ထမ်းတွေ လစာလေးတိုးမယ်ဆိုရင် လစာကမတိုးခင် ကုန်ဈေးနှုန်းက တက်နေပြီ။ တက်တဲ့အခါ တိုးတဲ့လစာက ကုန်သွားတယ်။ အဲဒီလိုဖြစ်မှာကို စိတ်ပူတော့ အဲဒီ သက်ရောက်မှုကို ဘယ်လိုထိန်းမလဲ။

နောက်တစ်ချက်က အသုံးစရိတ်နဲ့ ပတ်သက်လာရင် စီးပွားရေးပညာရှင်ဘက်က အကြောင်းအကျိုးစဉ်းစားတယ်ဆိုပေမယ့် တကယ်တမ်း တစ်ခါတလေမှာ emotional ရှိတယ်။ ဒီလိုပြောရင်လည်း ကြိုက်မှာမဟုတ်ဘူး။ နေ့တိုင်း လက်ကိုင်ဖုန်းကိုင်ပြီး သုံးနေသူတွေရှိတယ်။ ဖုန်းရဲ့ ကုန်ကျစရိတ်ကို ခေါင်းထဲမထည့်ဘူး၊ ၂၄ နာရီ သုံးနေတာ၊ ဖုန်းတစ်နေကုန်သုံးတဲ့ စရိတ်နဲ့ လျှပ်စစ်ခစရိတ်နဲ့ ယှဉ်ကြည့်ရင် ဘယ်လိုရှိမယ် မပြော တော့ဘူး။ အဲဒီလို ကြည့်မယ့်သူကတော့ မရှိပါဘူး။ ဒီလိုပြောရင် ကိုယ့်ဆန ́နဲ့ ကိုယ် ကြည့်တာ၊ ဘာမှလာမပြောနဲ့ ပြောကြမှာပါ။

အခုက အစိုးရက လုပ်တဲ့အတွက် လျှပ်စစ်ခကို ပိုပေးရတယ်ဆိုတာမျိုးဖြစ်တော့ မယ်။ ဒါကို လူတွေလက်ခံလာအောင် ဆောင်ရွက်ရမှာပါ။ ဒီလို တိုးကောက်ပြီးရင် ကာလတို၊ ကာလလတ်၊ ကာလရှည်မှာ အဖြေတော့ ရှိရမယ်။ Demand တက်လို့  Supply က ဘယ်လောက်တက်သွားမယ်။ နောက်တစ်ခုက လျှပ်စစ်ထုတ်တာ၊ လျှပ်စစ်ဖြန့်တာ၊ လျှပ်စစ်သုံးစွဲတာရှိတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါ်နေတယ်။ subsidy ကို နည်းနည်းလျှော့လိုက်တာဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေကို တစ်နည်းတစ်ဖုံ မက်လုံးပေးတဲ့ ပုံစံဖြစ်ရင်တော့ Supply တက်လာ လိမ့်မယ်။ နောက်တစ်ခု ကိုယ့်နိုင်ငံမှာ တကယ့်ကို Supply တက်လာလိမ့်မယ်။ ဒါပေမယ့် ခုနကပြောသလို emotional ပါ။ ရေအားလျှပ်စစ်လို့ပြောလိုက်ရင် ကန့်ကွက်မယ့်သူက အများကြီး၊ ကျောက်မီးသွေးလို့ ပြောရင်လည်း တစ်မျိုးရှိပါတယ်။အခုက ခသျအ ကို ကြည့်လိုက်မယ်ဆိုရင် “ဆိုလာ” လို့ ပြောကြတာရှိတယ်၊ ဆိုလာရဲ့ စရိတ်က အခုထိကြီးနေတုန်းပါ။ ကိုယ့်နိုင်ငံမှာ တကယ်ရှိတာက Hydro ပဲ ဖြစ်တယ်။ Hydro ကို အသုံးချဖို့ကလည်း အခက်အခဲအများကြီးရှိတယ်။ ဒါပေမယ့် မျှော်လင့်တာက subsidy ကို Adjust လုပ်လိုက်တာဖြစ်ပါတယ်။ အခု လူတွေ နားလည်ဖို့လိုတာက မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနတစ်ခုတည်း ထုတ်တာမဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍလည်း ပါမယ်။ နိုင်ငံတော်အစိုးရလည်း ပါပြီးတော့ လုပ်မယ်ဆိုရင်တော့ subsidy ဖြစ်တာကို ခဏလေးနဲ့ ကျော်လွှားနိုင်မယ်လို့ ထင်ပါ တယ်။

 

 

ဒုတိယဝန်ကြီး။

ဆရာကြီး ဆွေးနွေးချက်နဲ့အတူ ဆွေးနွေးချင်ပါတယ်။ ဆရာမ က မီးတွေ မပြတ်အောင်ပေးနိုင်မလား ဆွေးနွေးပါတယ်၊ ဆရာကလည်း ထုတ်လုပ်မှုကဏ္ဍကို တိုးတက်အောင်လုပ်နိုင်မလားဆိုပြီး ဆွေးနွေးတာ နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်က မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာတွေက တစ်ဆင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ၁၂၀ဝ မဂ္ဂါဝပ်လောက်ထုတ်နိုင် မယ့် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် တင်ဒါခေါ်လိုက်ပါပြီ။ ဒီလိုတင်ဒါခေါ်လိုက် တာကို ပြည်သူတွေလည်း တွေ့ရှိမှာဖြစ်ပါတယ်။ ဒီလိုဖိတ်ခေါ်လိုက်တဲ့အချိန်မှာ ရင်းနှီး မြှုပ်နှံတဲ့သူတွေ ဘက်ကလည်း ဓာတ်အားခနှုန်းထား အပြောင်းအလဲဖြစ်သွားတာကို သိရှိနေမှာ ဖြစ်ပါ တယ်။ ဒီအခါမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ဝင်ရောက်လာပြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 ဒီအခါမှာ ဆရာမတို့ ဆွေးနွေးတဲ့ဓာတ်အားကို လုံလောက်အောင်ပေးနိုင်မလား ဆိုတဲ့ အစီအစဉ်တွေက ပကတိအခြေအနေထက် အနာဂတ်မှာ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဗို့အားတွေ တည်ငြိမ်ချင်တယ်ဆိုတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ အရင်က ပင်မခွဲရုံကြီးတွေမှာရှိတဲ့ Transformer တွေမှာ ဗို့အားကို ချိန်ညှိတဲ့ကိရိယာတွေ ဟာ ပြန်ချိန်ရင် မီးပိတ်ရပါတယ်။ မီးပိတ်ပြီးမှချိန်၊ ချိန်ပြီးမှ မီးပြန်ပိတ်၊ အဲဒီလိုဆိုရင် မီးပြန်ပိတ်ပါတယ်။ ဒီမီးအားကို ညှိဖို့က manual လိုက်ပြီးချိန်ပေးရတယ်။ မီးသုံးစွဲ သူတွေဘက်က မီးကိုလည်းမပြတ်ချင်၊ ဗို့အားကိုလည်း ငြိမ်ချင်ကြပါတယ်။ တကယ် တော့ ဗို့အားဆိုတာ အမြဲတမ်းပြောင်းနေပါတယ်။ ပြောင်းနေသော်လည်း ပြောင်းနေတဲ့ အရာကို ငြိမ်ချင်တယ်ဆိုရင် Automatic ချိန်မှရမှာ ဖြစ်ပါတယ်။ ဒီလို Automatic ချိန်တဲ့ Transformer ကြီးတွေကိုလည်း အခုကစပြီး များများတပ်ဆင် အသုံးပြု နေပါတယ်။ အရင်က သုံးစွဲနိုင်စွမ်း မရှိပါဘူး၊ စရိတ်အများကြီးကုန်ကျတဲ့အတွက် ဖြစ်ပါတယ်။

 

နာဂတ်မှာ ဝန်ဆောင်မှုကောင်းလာအောင် ကျွန်တော်တို့ ဝင်ငွေပိုရှာနိုင်ရင် ဒီရင်းနှီးမြှုပ်နှံမှုကို ပိုကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု စက်ပစ္စည်းအမျိုးအစားတွေကို ရွေးချယ် အသုံးပြုရင် သုံးစွဲသူတွေကို ပိုကောင်းတဲ့၊ တည်ငြိမ်တဲ့ ဗို့အားတွေကို ပြောင်းလဲ ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲဆောင်ရွက်နိုင်အောင် ဓာတ်အားခနှုန်းထားကို ပြောင်းလဲပြီး ကြိုးစားနေတာဖြစ်ပါတယ်။

 

ဦးကိုကို(စက်မှုတက္ကသိုလ်)။

ဓာတ်အားခနှုန်းထားကို ပြောင်းလဲဖို့ ကြေညာပြီး တဲ့အခါ တင်ဒါကြော်ငြာလည်း ခေါ်ပါတယ်။ ဒါက လည်း ဆက်စပ်နေပါတယ်။ ကျွန်တော်သိချင်တာက ဓာတ်အားခနှုန်းထားကို ပြောင်းလဲ လိုက်တာက Independent Power Producer -Ipp တွေအတွက် မက်လုံး တစ်ခု ဖြစ်ပါသလား။

 

ဒုတိယဝန်ကြီး။

ဖြစ်ပါတယ်။ ဘာဖြစ်လို့ သူတို့အတွက် ဖြစ်သလဲဆိုရင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူအနေနဲ့ ဓာတ်အားပေး စက်ရုံလာဆောက်မယ်ဆိုရင် သူတို့တည်ဆောက်တဲ့ Project Cost တစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းကပဲ ကိုယ်ပိုင်ရင်းနှီးငွေဖြစ်ပါတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းက ဘဏ်ရဲ့ ချေးငွေနဲ့ ဆောင်ရွက်ရပါတယ်။ ဒီလိုဘဏ် ရဲ့ ချေးငွေကို ရယူဖို့အတွက် ဘဏ်က သူတို့ကို ဘယ်လို Counter check လုပ်သလဲ ဆိုရင် သူတို့ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းကနေ ဘဏ်ကိုပြန်ပေးဆပ်ရမယ့် ငွေတွေအတွက် ကို နှစ်စဉ်ဝင်ငွေဟာ အာမခံချက်ရှိသလား၊ လုံလောက်တဲ့ ဝင်ငွေ ရရဲ့လားဆိုတာကို ကြည့်ပါတယ်။ ဒီအခါမှာ ဒီ IPP ကလည်း ဝန်ကြီးဌာနက ဓာတ်အားတွေကို ဝယ်နိုင် ရဲ့လားဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါတယ်။

ဝန်ကြီးဌာနက နှစ်တိုင်း subsidy တွေ များနေရင်၊ စိုက်ထုတ်တာတွေ များနေတဲ့ အတွက် ဓာတ်အားခတွေ နှစ်ရှည်လတိုင်းမပေးနိုင်ရင် IPP အတွက် အလားအလာ မကောင်းဘဲ အများကြီး စွန့်စားရတဲ့ အခြေအနေရှိတယ်။ ယုံကြည်မှုနည်းတယ်။ ဒီလို ယုံကြည်မှုနည်းရင် IPP ကလည်း မလာဘူး။ IPP ကို ငွေချေးမယ့် ဘဏ်ကလည်း အများကြီးမရှိဘူး။ ဘဏ်က မချေးဘူးဆိုရင် သူလည်းမလာနိုင်ဘူး။

ဒါကြောင့် ဓာတ်အားခနှုန်းထား အပြောင်းအလဲဖြစ်သွားပြီဆိုရင် IPP ဆီကနေ နှစ်ရှည်နဲ့ ဓာတ်အားဝယ်နိုင်မယ်ဆိုတဲ့ အခြေအနေတစ်ရပ်ကိုလည်း ဘဏ်ကလည်း နားလည်သဘောပေါက်ပြီးတော့ ှု IPP တွေကလည်း လာနိုင်ကြမှာပါ။ ပြီးခဲ့တဲ့ သုံးလေး နှစ်အတွင်းက စိတ်ဝင်စားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဓာတ်အား မလုံလောက်ဘူးဆိုတာ၊ ဓာတ်အားမရသေးတဲ့ ပြည်သူတွေ အများကြီး ကျန်သေးတယ် ဆိုတာဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းလို့ မြင်ကြပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနက ဓာတ်အားပြန်လည်ရောင်းချတဲ့ နှုန်းထားဟာ သူတို့ဆီက ဝယ်ရမယ့် နှုန်းထားနဲ့ ကွာဟမှုက သူတို့အတွက် High Risk ဖြစ်နေတဲ့ အနေအထားဖြစ်ပါ တယ်။ အဲဒီတော့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုမှာ အခုစိန်ခေါ်မှုကို လျှော့ချနိုင်ပြီး ရင်းနှီး မြှုပ်နှံမှုတိုးတက်လာရင် ဓာတ်အားလိုအပ်ချက်ကို အများကြီး ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။

 

ဒေါက်တာအောင်ထွန်းသက်။

subsidy လုပ်တာကို ပြုပြင်လိုက်ရင် ခုနကလို IPP arrangement ကို ဆွေးနွေးတဲ့အခါမှာ လည်း ကိုယ့်မှာ အခြေခံကောင်းတဲ့ အနေအထားဖြစ်နေတော့ Myanmar Investment Commission -MIC အနေနဲ့ကလည်း ပိုပြီး လွယ်လွယ်ကူကူပေးနိုင်တဲ့ အနေအထားရှိပါတယ်။ ကိုယ့်ဘက်က ဦးစားပေး Priority Sector ပါ။ အခုဆိုရင် ပြောထားတာက နိုင်ငံတော် ရေရှည်တိုးတက်ဖို့အတွက် လျှပ်စစ်ကဏ္ဍကို အားပေးမယ်။ အခု ဝန်ကြီးဌာနအနေနဲ့  Subsidy ကို adjust လုပ်လိုက်တဲ့အတွက် ဝင်လာဖို့ အကြောင်း အများကြီးရှိလာပါတယ်။ 

 

ဦးကိုကို(စက်မှုတက္ကသိုလ်)။

စက်မှုဇုန်တွေဘက်က မီးမှန်ပြီး တည်ငြိမ်တဲ့ လျှပ်စစ် ဓာတ်အားကို လိုချင်ကြတယ်။ မီးစက်နဲ့ မလုပ်ချင် ကြတော့ဘူး။ ဒီအပေါ်မှာ ဆရာမအနေနဲ့ သုံးသပ်ပေးပါဦး။

 

 

ဒေါ် ခိုင်ခိုင်နွယ်။

မြင်သာတဲ့ Direct Cost တစ်ခုက တက်သွားတယ်။ မမြင်နိုင် တဲ့ Indirect Cost ကလည်း ရှိပါသေးတယ်။ ဒါကို မှန်းလို့မရ ဘူး။ အဲဒါကို စိတ်ပူတာပါ။ တကယ်လို့ IPP လာတယ်ဆိုရင် ဈေးနှုန်းက ထင်သာ မြင်သာရှိသွားရင် တွက်ချက်လို့ ရတယ်။ ဒါပေမယ့် အဲဒီနောက်က လိုက်လာမယ့် မမြင်နိုင်တဲ့ကုန်ကျစရိတ်တွေက ဘာတွေလဲ။ Direct Cost ကတော့ ခုနက ဆွေးနွေး သလို ၃၀ ရာခိုင်နှုန်းဆိုတာ တွက်လို့ရတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ လုပ်ငန်းဆိုတာက လုပ်သားထုအဆင်ပြေမှ ကျွန်မတို့ အဆင်ပြေတဲ့လုပ်ငန်းပါ။ အဲဒီတော့ သူတို့အဆင် ပြေဖို့အတွက် ပိုပြီးစိတ်ပူရပါတယ်။

 

ထက်ထက်ထွန်း။

ထုတ်လုပ်စရိတ်နဲ့ ပြန်ရောင်းတဲ့စရိတ် ကွာနေတာက အဓိကပြဿနာဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒီပြဿနာ ကို ဖြေရှင်းဖို့အတွက် ပြည်သူတွေဆီကနေ တိုးပြီးကောက်ခံတာ တစ်ခုတည်းကပဲ အဖြေဖြစ်မလား။ နောက်ထပ် ဘယ်လိုအဖြေရှိနိုင်ဦးမလဲ။ ပြည်သူတွေဘက်ကနေ တိုးကောက်ခံလိုက်တဲ့ဟာက စိုက်ထုတ်မှုကို လျော့ကျသွားမယ်။ နောက်ထပ် ရင်းနှီး မြှုပ်နှံဖို့ အရင်းအနှီးရလာနိုင်တယ်။ အဲဒီအချိန်မှ ပြည်သူတွေအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှု ပေးနိုင်မယ်ဆိုတဲ့ အခြေအနေမှာ ပြည်သူတွေဆီက တိုးကောက်ခံလိုက်လို့ ရလာတဲ့ ရင်းနှီးမြှုပ်နှံမှုအစား တခြားကနေ ရင်းနှီးမြှုပ်နှံမှုယူပြီးတော့ ဒီပြဿနာကို ဖြေရှင်းနိုင်မလားဆိုတာမျိုး၊ ဒီလိုအတွေးမျိုး ပြည်သူတွေဘက်မှာ ရှိနိုင်ပါတယ်။ ပြည်သူတွေက နိုင်ငံတော်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ပြည်သူတွေဆီကနေ မယူဘဲ တခြားနည်းဖြေရှင်းပြီး ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုရတဲ့အခါ တိုးပြီးပေးမယ်ဆို တဲ့ အတွေးမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် တခြားနည်းလမ်းရှိနိုင်မလား သိချင်ပါ တယ်။

 

ဒုတိယဝန်ကြီး။

ဓာတ်အားခကွာဟမှုဆိုတာ ဓာတ်အားထုတ်လုပ်မှု ကုန်ကျ စရိတ်က ၁၁၀၊ ၁၁၅ ကျပ်လောက်ဖြစ်ပါတယ်။ သုံးစွဲသူက ၃၅$ ကျပ်လောက်နဲ့ သုံးတယ်ဆိုရင် တစ်ယူနစ်ကို ကျပ် ၈၀ $ကွာဟပါတယ်။ ဒီလို တစ်ယူနစ်မှာ ကွာခြားမှုရှိရင် တစ်နှစ်ကို နိုင်ငံတော်က စိုက်ထုတ်ရတာက အခုဆိုရင် ဘီလီယံ ကျပ် ၈၀ဝ၊ ၉၀ဝ ရောက်ရှိလာပါပြီ။ ဒီနေရာမှာ ပြည်သူတွေအတွက် ထင်သာမြင်သာဖြစ်နိုင်တဲ့ ဥပမာလေးကို ပြောပြ ချင်ပါတယ်။ ပြည်သူတွေက သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဆေးရုံဆေးခန်း ရှိချင်ကြ တယ်။ တိုက်နယ်ဆေးရုံတွေ တည်ဆောက်ပေးဖို့ တောင်းဆိုကြတယ်။ ဒီလို တိုက်နယ် ဆေးရုံတစ်ခု တည်ဆောက်ပေးဖို့ ကျပ်သိန်း ၅၀ဝဝ လောက် အကုန်အကျခံရပါတယ်။ နှစ်ခုတည်ဆောက်မယ်ဆိုရင် သန်းတစ်ထောင် သုံးရပါတယ်။ ကျွန်တော်တို့ ဘီလီယံ ၅၀ဝ လောက် စိုက်ထုတ်နေရရင် ဆေးရုံပေါင်း ဘယ်လောက်ဆောက်သွားနိုင်သလဲ ဆိုတာကို နှိုင်းယှဉ်ချင့်ချိန်စေချင်ပါတယ်။ နိုင်ငံအတွက် လိုအပ်နေတဲ့ ဆေးရုံ၊ စာသင်ကျောင်း ဒီလိုလိုအပ်နေတာတွေ ဖြည့်ဆည်းပေးဖို့ ပြည်သူ့ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုနေ ပေမယ့် ဝန်ကြီးဌာနတွေက မဆောက်ပေးနိုင်ဘူး။ ဘာလို့ မတည်ဆောက်ပေးနိုင်သလဲ ဆိုရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ထဲကနေ လျှပ်စစ်ကဏ္ဍအတွက် ထုတ်လိုက်ရတဲ့ ငွေတွေ အတွက် ဖြစ်ပါတယ်။ ဒီလို ဖွံ့ ဖြိုးတိုးတက်အောင် တည်ဆောက်ပေးရမယ့် ငွေတွေကို လျှပ်စစ်ကဏ္ဍအတွက် နှစ်တိုင်းစိုက်ထုတ်နေရပြီးတော့ နှစ်စဉ်တိုးတက် စိုက်ထုတ် နေရပါတယ်။ ဒီလိုဆို ချေးငွေနဲ့ လုပ်ကြည့်ပါလားဆိုတာ ရှိပါတယ်။ ၅၀ဝ မဂ္ဂါဝပ်ရှိတဲ့ ဓာတ်အား ပေးစက်ရုံဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၈၀ဝ လောက် ချေးရမှာဖြစ်ပါတယ်။ တစ်နှစ်တည်းနဲ့ ဆောက်လို့ပြီးသွားရင်တောင် ဒီတစ်နှစ်အတွက်ပဲ လောက်တယ်၊

 

နောက်တစ်နှစ်အတွက် နောက်ထပ် ဒေါ်လာ သန်း ၈၀ဝ ထပ်ချေးရမယ်။ နှစ်စဉ်ချေး သွားရမယ့် ငွေတွေအားလုံးကလည်း ပြည်သှူဘဏ္ဍာနဲ့ပဲ ပြန်ထမ်းရမှာ ဖြစ်ပါတယ်။ အဲဒီတော့ လက်ရှိမီးသုံးစွဲခွင့်ရတဲ့သူတွေက ကိုယ်ကျသင့်တဲ့ငွေကို ပေးဖို့ရာ သက်သာ ခွင့်ရဖို့ ကြိုးစားတဲ့အခါမှာ တစ်နိုင်ငံလုံးက ပြည်သူတွေ ပြန်ဆပ်ရမယ့် ဝန်ထုပ်ဝန်ပိုး အဖြစ် ချေးငွေမှာ ပြန်တက်လာမှာဖြစ်တော့ ဘာထူးမှာလဲလို့ မေးရတော့မှာ ဖြစ်ပါ တယ်။ နောက်တစ်ခုက လက်ရှိလျှပ်စစ်သုံးစွဲခွင့်ရနေတဲ့သူတွေဟာ နှုန်းထားကို အရင် နှုန်းထားအတိုင်း ရယူလိုတဲ့အချိန်မှာ လျှပ်စစ်မရသေးတဲ့ ပြည်သူ ၅၅ ရာခိုင်နှုန်း အတွက် လျှပ်စစ်ရအောင် ဆောင်ရွက်ပေးဖို့အတွက် ဘဏ္ဍာငွေတွေ အများကြီး လိုပါ တယ်။ သာတူညီမျှအခွင့်အလမ်း ရသင့်ပါတယ်။ ဒါကြောင့် လျှပ်စစ်ကို အကောင်း ဆုံးအခြေအနေနဲ့ မရသေးသည့်တိုင်အောင် လုံးဝမရသေးတဲ့ ပြည်သူတွေအတွက် ငဲ့ညှာစဉ်းစားပြီး သက်သာတဲ့ ျကဘျငိပ နှုန်းနဲ့ ရနေ၊ ခံစားနေခြင်းအားဖြင့် မရသေး တဲ့သူတွေ တိုးတက်ဖို့အတွက် စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ ချေးငွေ အများကြီး ချေးယူပြီး ပြန်ဆပ်ရမယ့် ဝန်ထုပ်ဝန်ပိုးတွေလည်း လျှော့ချရပါမယ်။ အိမ်ထောင်စု တစ်စုချင်းစီကနေ မျှပြီး ပြန်ထည့်ခြင်းအားဖြင့် နိုင်ငံ့ဘဏ္ဍာငွေကို တောင့်တင်းလာ စေချင်ပါတယ်။ သူများဆီက ချေးပြီး စီမံကိန်းတွေကို ဆောင်ရွက်မယ့်အစား၊ သူများ မျက်နှာကြည့်ရမယ့်အစား ကိုယ့်ဘဏ္ဍာနဲ့ကိုယ် စီမံရင် အချိန်တိုအတွင်း ပိုင်ပိုင်နိုင်နိုင် စီမံနိုင်တယ်။ အချိန်တိုအတွင်း ဆောင်ရွက်နိုင်မယ်။ အများကြီး စိုက်ထုတ်ကုန်ကျခြင်း ကို သွားမယ့်အစား ဘဏ္ဍာရန်ပုံငွေကို အားကောင်းလာအောင်၊ လျှပ်စစ်ပိုတိုးတက် ရရှိအောင် စနစ်ကောင်းဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ရှင်မင်း

(ဆက်လက်ဖော်ပြပါမည်)