နေပြည်တော်၊ တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ်နှစ်ခုတို့တွင် ညအပူချိန်များ ဆက်လက်လျော့နည်းနေမည်
နေပြည်တော် ၂၆ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနေပါသည်။