လှည်းတန်းတစ်ဝိုက်မှ လူကြိုက်များတဲ့ ဆိုင်များ

MyLann မိတ်ဆွေတို့ကို လှည်းတန်းဘက်ရောက်ခဲ့ရင် စားကောင်းတဲ့ ဆိုင်လေးတွေ ရှာရမခက်စေဖို့ စုပြီးတင်ပေးလိုက်ပါတယ်နော်။

 

ရွှေ


ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း


လှည်းတန်းမှာ လူငယ်တွေအကြိုက်တွေ့ကြတဲ့ ဆိုင်လေးတစ်ဆိုင်ဆိုလဲ မမှားပါဘူး။ အစားအစာလဲ အစုံရတဲ့အပြင် ဈေးကလဲသင့်တင့်တော့ အဲ့ဆိုင်မှာ လူအမြဲပြည့်နေတတ်ပါတယ်..။ ကိုယ်တွေအကြိုက်ကတော့ အကြော်စုံ၊ ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲတို့ပေါ့။

 

Shake 
ဦးထွန်းလင်းခြံလမ်း


မိုးလုံလေလုံ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး စားမယ်ဆိုရင် Shake လည်းမဆိုးဘူး။ သူက အကြော်တွေကောင်းတယ်။ ကြက်သားလုံး၊ ကြာဇံနဲ့ ထမင်း သုံးမျိုးပါတဲ့ Meal တွေလည်း စားကြတယ်။ မြေအိုးမြီးရှည်နဲ ့ဖျော်ရည်တွေလည်း ကောင်းတယ်။

 

August Food & Drinks
No.1, Room 12, အင်းစိန်လမ်း


ဒီဆိုင်လေးမှာ အအေးနဲ့ Snacks တွေက အရသာကောင်းတဲ့အပြင် ဈေးနှုန်းလဲအသင့်အတင့်ပါပဲ...။ သူငယ်ချင်းတွေ၊ အတွဲတွေထိုင်လို့ကောင်းပြီး အေးအေးဆေးဆေးလဲရှိပါတယ်။ လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ဆိုင်လေးပါ...။

 

It Food Center


ရန်ကုန်-အင်းစိန်လမ်းမကြီး၊ လှည်းတန်း


အဲ့ဆိုင်က မနက်စာတွေလဲအစုံရတယ်၊ တစ်နေကုန် လူပြတ်တယ်လို့ကိုမရှိပါဖူး၊ လူငယ်တွေရော၊ လူကြီးတွေပါထိုင်ကြတယ်။ ချာပါတီ၊ ကီးမား၊ နန်းကြီးသုပ်တို့မဆိုးဘူး။

 

Ko San
No.18, ဦးထွန်းလင်းခြံလမ်း


ညနေညခင်းလေး တစ်ခုခု သောက်ရင်း ထိုင်ချင်တယ်ဆိုရင် Ko San လည်း မဆိုပါဘူး။ ကိုယ်တွေ လှည်းတန်းမှာ ခြေရှပ်ခဲ့တုန်းကတော့ Ko San ဆိုတာ အမြဲရောက်တယ်လေ။ စားစရာတွေလည်း မဆိုးဘူး။ ဖျော်ရည်တွေလည်း ကောင်းတယ်။

 

လှည်းကလေးနဲ့ဒိန်ချဉ်သည်
လှည်းတန်းလမ်းမ


ဒီဆိုင်ကတော့ ဟိုးအရင်ထဲကနာမည်ကြီးပါ။ ဒိန်ချဉ်ဆို ဒီဆိုင်ပဲပြေးမြင်ကြတဲ့အထိ လူကြိုက်များပါတယ်။ အခုချိန်ထိလဲ အားပေးမှုကိုအပြည့်အဝရနေတဲ့ဆိုင်လေးပါ...။

 

Food Village 


လှည်းတန်းစင်တာ သုံးထပ်မှာရှိတဲ့ Food Court လေး။ စားသောက်ဆိုင်တွေ စုထားပေးတဲ့ ပုံစံပါ။
အစားအစာ စုံစုံလင်လင်ရပြီး ကဒ်လေးမှာ ငွေဖြည့်လို့ ကြိုက်တဲ့ဆိုင်မှာ စားတဲ့ စစ်စတန်လေးပေါ့။ ထိုင်းစာ၊ မလေးရှားစာ၊ တရုတ်စာ၊ ကြေးအိုး၊ Salad တို့စားလို့ရတဲ့အပြင် ကော်ဖီဆိုင်ကောင်းကောင်းလည်း ရှိတယ်။ တစ်နေရာထဲမှာ ကြိုက်တာစား ကိုယ့်ကဒ်ထဲမှာ ငွေဖြည့်ထားသလောက် ဝယ်စားလို့ရတယ်။ ပြီးရင် ငွေပိုသေးရင် ကောင်တာမှာ ပြန်ထုတ်လို ့ရတယ်။

 

Ramen Monster
Basement, Hledan Center

 

Ramen ခေါက်ဆွဲကောင်းကောင်း စားချင်တဲ့သူတွေအတွက်ပါ...။ တချို့ဆို ဂျပန်ခေါက်ဆွဲကို အီလို့မစားကြပါဘူး... သူကအဲ့လိုမဟုတ်ပါဘူး အချိုမကြိုက်တဲ့သူတွေအတွက်လဲ Spicy Ramen ရှိတယ်ဆိုတော့ အကုန်လုံးအတွက် အဆင်ပြေစေမှာပါ။ တစ်ပန်းကန်လောက် စားလိုက်ရင် ဗိ်ုက်ကိုတင်းသွားရော။

 

Yakun 
Hledan Center


ကော်ဖီကောင်းကောင်း ကြိုက်တက်သူဆိုရင် လှည်းတန်းစင်တာက Yakun ကတော့ ကောင်းတဲ့ ဆိုင်လေးပါပဲ။ ကော်ဖီကောင်းကောင်းအပြင် Kaya Toast တို့ မလေးရှားခေါက်ဆွဲတို့လည်း ကောင်းပါတယ်။ Yakun ကော်ဖီတစ်ခွက်သောက်ရင် လှည်းတန်းစင်တာရှေ့မှာ ဖြတ်သွားတဲ့ သူတွေကို ငေးရတာ ဖီးလ်တစ်မျိုးပါ။

 

Ice Berry


ရန်ကုန်-အင်းစိန်လမ်းမကြီး၊ လှည်းတန်း
အစားအစာလဲစုံတယ်၊ အေးအေးဆေးဆေးပုံစံမျိုးမဟုတ်ပေမဲ့ လူငယ်တော်တော်များများ ထိုင်တာတွေ့ရတယ်။ ဘော်ဒါတွေ ချိန်းလေးရှိတဲ့နေရာပေါ့။ စကားပြောလို့ ကောင်းတဲ့နေရာလေး ။ လူများတော့ နည်းနည်းတော့ဆူတယ်။

 

Spicy House
Basement, Hledan Center


မာလာဟင်းတစ်မျိုးထဲကိုပဲ အဓိကထားပြီး ရောင်းတဲ့ဆိုင်ဖြစ်တယ်။ ပုံမှန် မာလာဟင်းဆိုင်နဲ့ မတူဘဲ တစ်မူထူးခြားတဲ့စတိုင်နဲ့ Buffet စတိုင်နဲ့ လုပ်ထားပေးတယ်။ မာလာဟင်းပွဲကို ကိုယ်ကြိုက်သလို စီစဉ်လို့ရတယ်။ တစ်နည်းအားဖြင့် ကိုကြိုက်တဲ့ ဟင်းရွက် အသားခေါက်ဆွဲ စတဲ့ဟာတွေကို ကိုယ်ကြိုက်သလို စိတ်တိုင်းကြရွေးယူပြီး ကြိုက်တဲ့ မာလာဟင်းစတိုင်ချက်ခိုင်းပြီး စားလို့ရတဲ့ဆိုင်ဖြစ်တယ်။

နောက်ပြီး MyLann မိတ်ဆွေတွေ အကြံပြုပေးထားတဲ့ လှည်းတန်းက စားလို့ကောင်းတဲ့ ဆိုင်လေးတွေလည်း ပြောပြရရင်တော့..
ရခိုင်စာ စားချင်တယ် ဆိုရင်တော့ ဇေယျာသီရီလမ်းထဲမှာ ဝင့်ဝါအောင်တို့၊ ရာမောင်သားတို့ရှိပါတယ်။

 

လှည်းတန်း ၇ လမ်းထဲမှာ စံဝဆိုတဲ့ မွန်ဆိုင်က ပုစွန်သုပ်တို့၊ ကြက်သားသုပ်၊ မြင်းခွာရွက်သုပ်၊ ကွေ့တီယိုရတယ်။
စိန်ဂေဟာ နောက်လမ်းထဲက ကျိုင်းတုံဆိုတဲ့ ရှမ်းမြောက်ပိုင်းဆိုင်က ရှမ်းစာတွေ ကောင်းတယ်။

 

ကော်ပြန့်ကြော်၊ ကော်ပြန့်စိမ်း ဆိုရင်တော့ ဇေယျာသီရိလမ်းထိပ်၊ Nature Republic ဘေးက ဆိုင်လည်း မဆိုးဘူး။

 

ဦးထွန်းလင်းခြံလမ်းထဲမှာဆိုရင် လူတိုင်းကြိုက်တဲ့ ထမင်းသုပ်၊ကြာဇံချက်တွေရတဲ့ဆိုင်၊ သင်္ဘောသီးထောင်း၊ ကြက်ဥကင်တွေရတဲ့ ထူး ဆိုတဲ့ဆိုင်

 

လတ်လတ်ဆတ်ဆတ် ဖျော်ရည်လှည်းနဲ့ ဆိုင်လေးတွေ၊ မေတ္တာမွန်မုန့်ဟင်းခါး ဆိုင်လေးရယ်၊ လှည်းနဲ့ရောင်းတဲ့ လက်ဖက်သုပ်၊ အဖိုးကြီးသုပ်တို့ ကောင်းပါတယ်။

 

လှည်းတန်းလမ်းမကြီးပေါ်မှာဆိုရင် လူတိုင်းကြိုက်တဲ့ ဆကာကြီးမုန့်ဟင်းခါး။ ညနေဘက်ထွက်တဲ့ မြောင်းမြဝင်းမုန့်ဟင်းခါးတို့ ကောင်းတယ်။

 

လှည်းတန်းဈေးထဲက အန်တီမူ အသုပ်စုံဈေးဘေးနားက အအေးဆိုင်၊ အဲ့ဒီနားကပဲ ဝက်သားတုတ်ထိုး၊ ကြာဇံကြော်ဆိုင်က ရှယ်ပဲ။

 

စိန်ဂေဟာရှေ့ Cherry Sushi, Angel Fashion ဆိုင်ရှေ့က မြန်မာမုန့်ဆိုင်၊ မီးပွိုင့်နားက ညနေဘက်ထွက်တဲ့ ငါးကင်ဆိုင်။

 

Fred, Honey (MyLann)

See more - https://www.facebook.com/pg/MyLannMyanmar/posts/?ref=page_internal
#MyLann #FoodieMyanmar #Foodinyangon#FoodinHeldan
#Heldan #Food #YangonFood #FoodList

SHARE THIS ON SOCIAL MEDIA