လှည်းကူးမြို့နယ်၌ ရှေးဟောင်းပစ္စည်းများတွေ့ရှိ

နေပြည်တော် ၁၁ မေ 

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာနေ ဦးဟန်ဝင်းအောင်(၃၃)နှစ်သည် နေအိမ်၌ ကျင်းတူးစဉ်အနက် ၂ ပေခန့် အရောက်၌ စဉ့်အိုး ၁ လုံးအား မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် တွေ့ရှိရသဖြင့် ဖွင့်ကြည့်ရာ စဉ့်အိုးအတွင်းမှ ရှေ့ဟောင်း ပစ္စည်းများဟု ယူဆရသော သစ်သားရိုးတပ် ဓား ၂ ချောင်းပါ အမျိုးအစားစုံ ပစ္စည်း (၂၇) မျိုးအား  တွေ့ရှိခဲ့ကြောင်း သတင်းအရ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ၄င်းပစ္စည်းများအား အိမ်ရှင် ဦးဟန်ဝင်းအောင်မှ ရှေးဟောင်း သုတေသနသို့ ဆက်သွယ် လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)