လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ နေအိမ်မီးလောင်

ပုလောမြို့နယ် ပုလောကုန်း ကျေးရွာအုပ်စု နတ်အိမ်တောင် ကျေးရွာ၌ ဒီဇင်ဘာလ ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

နတ်အိမ်တောင်ကျေးရွာနေ ဦးကျော်ဝင်းသည် မိန်းမဖြစ်သူနှင့် စကားများ ရန်ဖြစ်ပြီး သောက်လက်စ ဆေးလိပ်တိုအား နေအိမ်ခေါင်မိုးတွင် ညှပ်ထားခဲ့စဉ်  ဓနိမိုးမှ တစ်ဆင့် အလျား (၂၀)၊အနံ (၁၅)ပေ၊ အမြင့်(၁၂)ပေရှိ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်အား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့များ၊ ကျေးရွာသူ/ရွာသားများ စုပေါင်း အင်အား(၂၅)ဦးခန့် ဝိုင်းဝန်းငြိမ်းသတ်ကြပြီး အခြားနေအိမ်များသို့ ကူးစက်ခြင်း မရှိဘဲ မီးပေါ့ဆမှုကြောင့်  ဦးကျော်ဝင်းအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

ပုလော ပြန်/ဆက်