လင်းခေးမြို့တွင် (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ချောတိုင်တက်ပွဲ ပျော်ရွှင်စွာ ဆင်နွှဲ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ်အတွင်း နေထိုက်လျက်ရှိကြသည့် ရခိုင်တိုင်းရင်းသား မိသားစုဝင်များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သော (၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလူမျိုးများ ဆုံစည်းရာပွဲကို ပန်ကျိုင်းကျေးရွာရှိ အောင်မင်္ဂလာတပ်ဦး ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒဃေါတိတက ဦးစီး၍ ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရခိုင်တိုင်းရင်းသား မိသားစုဝင်များက သံဃာတော်များအား နေ့ဆွမ်းနှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ အတူတကွနာယူကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ရခိုင်ရိုးရာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ချောတိုင်တက်ပွဲအား ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်နယ်မိသားစုဝင်များ၊ ရွှေလူငယ်ပရဟိတ အဖွဲ့ဝင်များ၊ လင်းခေးမြို့နယ်အတွင်း နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသား မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)