လမ်းလျှောက်သင်္ကြန်တွင် အင်ဖော်မေးရှင်းကောင်တာများထားရှိမည်

မန္တလေး ၆ ဧပြီ

 

မန္တလေးမြို့ ကျုံးဘေးတွင်ပြုလုပ်မည့်လမ်းလျှောက်သင်္ကြန်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ အဆင်ပြေစေရန်အင်ဖော်မေးရှင်းကောင်တာများထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။

 

နိုင်ငံတကာခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများပိုမိုလာရောက်လည်ပတ်စေရန် ရည် ရွယ်ပြီးဆောင်ရွက်သည့်လမ်းလျှောက်သင်္ကြန်တွင်အင်ဖော်မေးရှင်းကောင်တာသုံးခုထားရှိသွားမည်ဖြစ်သည်။ 

 

‘အင်ဖော်မေးရှင်းကောင်တာတစ်ခုဟာခရီးသွားကဏ္ဍမှာအဓိကကျတဲ့အတွက်လမ်းလျှောက်သင်္ကြန်ဧရိယာအပြင်ထောင့်လေးတွေမှာအားဖြည့်ဆောင်ရွက်ထားပါတယ်’ဟုမန္တလေးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးစန်းယုကပြောသည်။

 

အင်ဖော်မေးရှင်းကောင်တာကို ကမ္ဘာ့လှည့်ခရီသွားမဏ္ဍပ် ၊ လမ်းလျှောက်သင်္ကြန်အရှေ့ဘက်မုဂ်နှင့် အနောက်ဘက်မုဂ်တို့တွင် ထားရှိသွားမည်ဖြစ်သည်။

 

သင်္ကြန်ကာလတွင် နိုင်ငံခြားသားများအားဆွဲဆောင်နိုင်ရန် လမ်းလျှောက်သင်္ကြန်ကို မန္တလေးကျုံး တောင်ဘက် ၂၆ လမ်းတွင် ကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံခြားသားများအတွက် ညပိုင်းမှာ လည် ပတ်နိုင်ရန် တောသင်္ကြန်ညဈေးကို မန္တလေးကျုံးအရှေ့ဘက် ၆၆ လမ်း ၊ ၂၆ လမ်းမှ ၁၉ လမ်းအထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

 

အိမို့မို့ခိုင်