လမ်းခင်းရန် ကျိုချက်နေသည့် ကတ္တရာတိုင်ကီ မီးလောင်ရာမှ ဂါလံ ၁၂၀၀ ဆံ့ တိုင်ကီနှစ်လုံး မီးလောင်ဆုံးရှုံး

ကချင်ပြည်နယ် မြစ်ကြီးမြို့ ပမ္မတီးရပ်ကွက်၌ ဒီဇင်ဘာ ၁၅ ရက်က လမ်းခင်းရန် ကျိုချက်နေသည့် ကတ္တရာတိုင်ကီမှ စတင်မီးလောင်ကျွမ်းရာမှ ဂါလံ ၁၂၀၀ ဆံ့ တိုင်ကီနှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းထံမှ သိရသည်။

 

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် နယ်မြေ(၇)၌ ဦးမျိုးသီဟ ပိုင်ဆိုင်သည့် မန်းပြည်တံခွန် ကုမ္ပဏီတွင် လမ်းခင်းရန် ကျိုချက်နေသည့် ကတ္တရာတိုင်ကီမှ အပူလွန်ကဲကာ စတင်မီးလောင်ကျွမ်းရာမှ ဂါလံ ၁၂၀၀ ဆံ့ တိုင်ကီနှစ်လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းရာနေရာသို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးသန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဂါလံ ၁၂၀၀ ဆံ့ တိုင်ကီနှစ်လုံးအတွင်းမှ ကတ္တရာ နှစ်တန်ခွဲ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မန်းပြည်တံခွန် ကုမ္ပဏီတာဝန်ခံ မန်နေဂျာ ဦးငြိမ်းချမ်း(၃၃)နှစ်အား မြစ်ကြီးနားမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)