လမိုင်းမြို့ ကနင်ကမော့ကျေးရွာတွင် ရော်ဘာဂိုဒေါင် မီးလောင်မှုဖြစ်ပွား

လမိုင်း မတ် ၂၈

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လမိုင်းမြို့ ကနင်ကမော့ကျေးရွာတွင် မတ် ၂၇ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က ရော်ဘာဂိုဒေါင်အတွင်း မီးသွေးဖိုကာ ရော်ဘာပြားများအား အခြောက်ခံရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုအား လမိုင်းမြို့ အရန်မီးသတ်များနှင့် မော့ကနင် အရန်မီးသတ်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲတွင် မီးငြိမ်းခဲ့ပြီး ရော်ဘာဒိုင်ပိုင်ရှင်အား ဥပဒေအရ အရေးယူရန် စီစဉ်ထားရှိကြောင်း လမိုင်းမြို့ရဲစခန်းမှ သိရသည်။

 

ဖြူဖြူအေး(ပြန်/ဆက်)