လမ်းဘေးချ ရပ်ထားသည့် ယာဉ်အား နောက်မှ ယာဉ်မောင်း အိပ်ငိုက်လာသည့် ယာဉ်မှ ဝင်တိုက်မိ တစ်ဦးဒဏ်ရာရ

နေပြည်တော် ၁၉ သြဂုတ်


နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၆၈/၄-၆၈/ ၅ ကြားတွင် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က လမ်းဘေး မြေသားလမ်းပေါ်တွင် ရပ်ထားသည့် TOYOTA CROWNအဖြူ ရောင်ယာဉ်ကို နောက်ကယာဉ်မှ ဝင်တိုက်မိခဲ့သဖြင့် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုကျော်ကျော် ၄၀ နှစ် တောင်ကြီးမြို့နယ်နေသူ တစ်ဦးတည်းမောင်းနှင်သည့် MDY 5F/----TOYOTA CROWN အဖြူရောင်ယာဉ်သည် အဆိုပါ မိုင်တိုင်ကြား လမ်းဘေးမြေသားလမ်းပေါ်တွင် ကားရပ်ပြီးနားနေစဉ် လားရာတူမှ ကိုဇော်ဇော် ၃၉ နှစ် မေတ္တာညွန့်ရပ်ကွက် တာမွေမြို့နယ်သူ တစ်ဦးတည်း မောင်းနှင်လာသည့် YGN 4E/----MAZDA အဖြူရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး မြေသားလမ်းပေါ်ရောက်ရှိကာ  TOYOTA ယာဉ်အား နောက်မှ ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုဇော်ဇော်မှာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အုတ်ရှစ်ကုန်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ က ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
MDN