လက်ထပ်တော့မယ့် ဟွန်ဆိုယွန်း

တောင်ကိုရီးယား မင်းသမီးတစ်ဦးဖြစ်သူ ဟွန်ဆိုယွန်းဟာ ယခုလအတွင်း လက်ထပ်ပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း လတ်တလောမှာ အေဂျင်စီဘက်က အတည်ပြုပြောကြားခဲ့တယ်လို့ အားကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဟွန်ဆိုယွန်းဟာ အနုပညာအသိုင်းအဝိုင်းမှမဟုတ်တဲ့ သူ့ရဲ့ ချစ်သူနဲ့ လက်ထပ်မှာဖြစ်ပြီး မေလ လယ်လောက်မှာ မင်္ဂလာအခမ်းအနား ပြုလုပ်သွားမှာဖြစ်ကြောင်း မေ ၆ ရက်က မင်းသမီးရဲ့ အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဟွန်ဆိုယွန်းအနေနဲ့ လက်ထပ်တော့မှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် အေဂျင်စီဘက်က ယခုလို အတည်ပြုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အေဂျင်စီရဲ့ ပြောကြားချက်အရ ဟွန်ဆိုယွန်းဟာ ချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်ပြီး မင်္ဂလာပွဲ အခမ်းအနားနဲ့ပတ်သက်လို့ ကိုယ်ရေးကိုယ်တာဖြစ်တာကြောင့် အသေးစိတ်ထုတ်ဖော်ပြောကြား သွားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ မင်္ဂလာပွဲကိုလည်း သီးသန့်ပြုလုပ်သွားဖို့ရာ စီစဉ်ထားတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်