လက်ထပ်လိုက်ပြီဖြစ်တဲ့ ဘလိတ်ခ်ရှယ်လ်တန်နဲ့ ဂွမ်စတစ်ဖန်နီ

ကျော်ကြားတဲ့ တေးသံရှင်တွေဖြစ်ကြတဲ့ ဘလိတ်ခ်ရှယ်လ်တန်နဲ့ ဂွမ်စတစ်ဖန်နီတို့ဟာ ချစ်သူတွေ အဖြစ် နှစ်အတော်ကြာလက်တွဲလာခဲ့ကြပြီး လတ်တလောမှာတော့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဘလိတ်ခ်ရှယ်လ်တန်နဲ့ ဂွမ်စတစ်ဖန်နီတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လက်ထပ်မှတ်ပုံတင်ခဲ့ ကြတာပါ။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို ဇူလိုင် ၃ ရက် မှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အိုကလာဟိုးမားမှာရှိတဲ့ ဘလိတ်ခ်ရှယ်လ်တန်ရဲ့ ခြံအတွင်းမှာ ကျင်းပခဲ့တာ ပါ။

နယူးယောက်ပို့စ်က ဘလိတ်ခ်ရှယ်လ်တန်နဲ့ ဂွမ်စတစ်ဖန်နီတို့ရဲ့ မင်္ဂလာပွဲက ဓာတ်ပုံတစ်ပုံကို ဖော်ပြ ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် ကန်းထရီးတေးသံရှင် ဂွမ်စတစ်ဖန်နီနဲ့ ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဘလိတ်ခ် ရှယ်လ်တန်တို့ဟာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်အတွင်း စေ့စပ်ခဲ့ကြကာ ငါးနှစ်တာခန့် အတူ ရှိခဲ့ပြီးနောက် ယခုလို လက်ထပ်ပွဲပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အေးပြည့်