လက်ပံတန်းမြို့ရှိကျေးရွာ ၁၃ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

လက်ပံတန်း   ၁၉    နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ ၁၃ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

1

 

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က “ကျွန်တော်တို့ မြို့မှာ ၂၀၁၇-၂၀၁၈ ခုနှစ်က ကျေးရွာ(၁)ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က (၁၂)ရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းများဖြစ်သော  ကျေးလက်လမ်း၊ တံတားဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ကျေးရွာ (၁၃)ရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ခွင့် ရရှိလို့ နိုဝင်ဘာလ ၁၅ ရက်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနဲ့  မြို့နယ်စီမံကိန်း ရေးစွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ အဖွဲ့နဲ့တွေ့ဆုံပြီး မိတ်ဆက်ရှင်းလင်း ပွဲလေးလုပ်ခဲ့ပါတယ်ဟုပြောကြားသည်။

 

အဆိုပါ ကျေးရွာများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စီမံကိန်းလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး စီမံကိန်း လုပ်ငန်းများ ပြီးစီးသွားပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)