လက်ပံတန်းမြို့နယ်တွင် မိုးစပါး စိုက်ဧကများအတွက် သဘာဝမြေဆွေး (ဘိုကာရှီ)ပြုလုပ်နည်း လက်တွေ့သရုပ်ပြ

လက်ပံတန်း  ၉  ဧပြီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးစိုက်ဧကများအတွက် သဘာဝမြေဆွေး (ဘိုကာရှီ)ပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်းကို လက်ပံတန်းမြို့နယ် ဂရံစံပြ ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သဘာဝမြေဆွေး (ဘိုကာရှီ)ပြုလုပ်နည်း လက်တွေ့သရုပ်ပြရာတွင် လယ်ယာ ထွက်စွန့်ပစ်ပစ္စည်းများ ဖြစ်သော ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ ဗေဒါ၊ သစ်ရွက်ဆွေး၊ အမှိုက်ဆွေးနှင့် တိရစ္ဆာန်ချေးများ၊ တင်လဲရည်နှင့် အီးအမ်ဖျော်ရည်တို့ကို ရောစပ်ခြင်းဖြင့် တစ်ပတ် နှစ်ပတ်အတွင်း သဘာဝမြေဆွေး (ဘိုကာရှီ) ရရှိပုံကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြ ပေးခဲ့ကြောင်း သိရသည်။

 

လက်ပံတန်းမြို့နယ်အတွင်း မိုးစပါး စိုက်ဧကများတွင် အသုံးပြုရန်အတွက် တောင်သူများအနေဖြင့် လိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာနက ဦးဆောင်ပြီး လက်တွေ့သရုပ်ပြသခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး