လက်ပံတန်းမြို့နယ်တွင် ဆောင်းသီးနှံပဲမျိုး ယှဉ်ပြိုင်ကွက်များ စိုက်ပျိုးထား

လက်ပံတန်း၊  ၁၇  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်)တို့ ပူးပေါင်း၍ ဆောင်းသီးနှံပဲမျိုး ယှဉ်ပြိုင်ကွက်များကို ကြို့ပင်စခန်းကျေးရွာနှင့် ဝါးရုံပင်ဇင်းကျေးရွာရှိ တောင်သူသုံးဦး၏ လယ်မြေများတွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

အဆိုပါ ဆောင်းသီးနှံပဲမျိုး ယှဉ်ပြိုင်ကွက်များဖြစ်သည့် မတ်ပဲမျိုး ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း-၇၊ ပုလဲထွန်းနှင့် ဒေသမျိုးတို့အား ဝ.ဝ၂ ဧကစီဖြင့်လည်းကောင်း၊ ပဲတီစိမ်းမျိုး YM 15-8-31၊ YM 15-8-20၊ YM 15-8 -17 ၊ YM 15-4-9 နှင့် ဒေသမျိုးတို့အား ဝ.ဝ၂ ဧက စုစုပေါင်း ဝ.၁၀ ဧကကို စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။

 

စိုက်ပျိုးထားရှိမှုနှင့် ပတ်သတ်၍ မျိုးတစ်မျိုးချင်းစီ၏ အားနည်းချက်၊ အားသာချက်များကို သိရှိနားလည်၍ တောင်သူများအား နည်းပညာပေးဆောင်ရွက်ရန်နှင့် ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများအား ထုတ်ဖော်ပြသနိုင်စေရန်နှင့် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို ဖော်ထုတ်ပြသနိုင်စေရန် ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဉာဏ်မြင့်ထံမှ သိရသည်။

ဝင့်နန္ဒာဌေး