လက်ပံတန်းမြို့နယ်၌ Facility Quarantine နေရာ(၃၈)ခုအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်

လက်ပံတန်း   ၄   ဧပြီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ Facility Quarantine နေရာများအတွက် ထောက်ပံ့ရေး ပစ္စည်းများပေးအပ်ခြင်းကို ဧပြီ ၄ ရက်နေ့ နံနက် ၁၀ နာရီက ၂ လမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေး အဆင့်မြှင့်ဆောင်ရွက်မှု အတွက်နေရပ်ပြန်လာသူများကို နေအိမ်စောင့်ကြည့် မထားပဲ စောင့်ကြည့် စုရပ်နေရာများတွင် ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးခိုင်က ထောက်ပံ့ပေးထားသော ပိုးသတ်ဆေး အမျိုးအစားနှင့်သုံးစွဲပုံကို ရှင်းလင်းပြောကြားခဲ့သည်၊

 

ထို့နောက်လက်ပံတန်းမြိုနယ် မြို့နယ်အဆင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီနှင့် လုပ်ငန်းအထောက် အကူပြုကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စခန်း(၃၈)ခုနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့အား ထောက်ပံ့ရေး ပစ္စည်းများဖြစ်သော  လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရေဘူး၊ နှာခေါင်းစည်းနှင့် ပိုးသတ်ဆေးရည်များအား ကော်မတီ အဖွဲ့များ၏ကိုယ်စား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဝင့်နန္ဒာဌေး