လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှု

လက်ပံတန်း ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၃ ရက်တွင် လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကန်ကျေးရွာ အဆင့်မြင့်လယ်ယာ ဧက ၁၀၀ စီမံကိန်း ရှင်းလင်းဆောင်၌ အဆင့်မြင့်လယ်ယာ ဧက ၁၀၀ စီမံကိန်းမှ တောင်သူ ၁၅ ဦးအား တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ အတွက် ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်၍ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ဝန်ကြီးချုပ်က စက်မှုလယ်ယာစနစ်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလုပ်ဆောင်စေရန်နှင့် လိုအပ်သော လယ်ယာသုံးစက်ပစ္စည်းများကို တောင်သူများ ဝယ်ယူလိုလျှင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော တောင်ကြို့ကုန်းလမ်း (၂/၂ )မိုင် ကွန်ကရစ်ခင်းခြင်းအား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် ကျန်ရှိသောအပိုင်းများအား နောင်ဘဏ္ဍာနှစ်များတွင် ဆက်လက်လျာထားသွားရန် လမ်းညွန်မှာကြားခဲ့သည်။ 

မြို့နယ်(ပြန်/ဆက်)