လက်ပံတန်း ၁၂ အောက်တိုဘာ

မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်ပွဲတော် အခါရက်များဖြစ်သည့် အောက်တိုဘာ ၁၂ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့)တွင် လက်ပံတန်းမြို့မဈေး၌ ခရီးသွားပြည်သူများ ရပ်နီးရပ်ဝေးမှ ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျက်ရှိသည်။

လက်ပံတန်းမြို့မဈေးသည် ဥပုသ်နေ့များမှအပ နေ့စဉ်ဖွင့်လှစ်လျက်ရှိပြီး လက်ပံတန်းမြို့မဈေးတွင် သာရဝေါ၊ ခမုံနှင့် စစ်ကွင်းမှ ဒေသထွက် ခြံထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ ပန်းများနှင့် ငါးပုစွန်များ လာရောက်ရောင်းချလျက်ရှိကြောင်း၊ အခါရက်အတွင်း ကန်တော့ခံပစ္စည်းများ မီးပူဇော်သော မီးပုံး၊ ဝါဆိုဖယောင်းတိုင်များ ရောင်းအားသွက်လျက်ရှိပြီး မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး