လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဘုရားလမ်းမီးပွိုင့် လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး

ရန်ကုန် ၂၆ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဘုရားလမ်းမီးပွိုင့် လမ်းဆုံ အရောက်တွင် မီးနီအား ဖြတ်မောင်းစဉ် ယာဉ်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေ၊ ဒဏ်ရာများ ရရှိမှု မေ ၂၅ ရက်နေ့ က ဖြစ်ပွားခဲ့သည်။

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ရန်ကုန်-ပုသိမ်လမ်းအတိုင်း (အရှေ့မှအနောက်) သို့ တစ်ထိပ်ဘက်မှ BOC ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်သည် ကျန်စစ်သားလမ်းထိပ်၊ ဘုရားလမ်းမီးပွိုင့် လမ်းဆုံအရောက် မီးနီအား ဖြတ်မောင်းစဉ် ကျန်စစ်သားလမ်းအတိုင်း မြောက်မှတောင်သို့ မင်းမင်းခန့် စီးနင်းမောင်းနှင်ပြီး ကိုကောင်းရဲလင်းနှင့် ကိုထူးအောင်ရဲရင် တို့ လိုက်ပါလာသော ဆိုင်ကယ်မှာ မီးစိမ်း၍ ဝဲဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် တိုက်မိခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းမောင်းနှင်သူ မင်းမင်းခန့်တွင် ဒဏ်ရာများ ရရှိကာ လှိုင်သာယာပြည်သူ့ ဆေးရုံတွင် ပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့် လည်းကောင်း၊ ဆိုင်ကယ်နောက်တွင် လိုက်ပါထိုင်စီးသူများ ဖြစ်သည့် ကိုကောင်းရဲလင်းတွင် ဒဏ်ရာမရရှိသော်လည်း ကိုထူးအောင်ရဲရင့်တွင် ဒဏ်ရာရရှိကာ လှိုင်သာယာပြည်သူ့ဆေးရုံ သို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူအပေါ် လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)