လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အဝါရောင် Mask Campaign ပြုလုပ်

လှိုင်သာယာ၊   ၂၂  ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အဝါရောင် Mask Campaign ကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက အလယ်ကျေးရွာ ပိတောက်လမ်းရှိ ဈေးတန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုပရဟိတအဖွဲ့များက ပြုလုပ်ခဲ့သည်။  

ထိုသို့ အဝါရောင် Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အလယ်ကျေးရွာ ပိတောက်လမ်းရှိ ဈေးတန်းတွင် ဈေးရောင်း၊ ဈေးဝယ်လျက်ရှိသော အများပြည်သူများအား မဖြစ်မနေ အပြင်သို့သွားလာပါက နှာခေါင်းစည်း mask များကို မေးစေ့တွင် မချိတ်ဘဲ နှာခေါင်းနှင့် ပါးစပ်တို့တွင် စနစ်တကျတပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာ နေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။ 

ထို့နောက် ပိတောက်လမ်းရှိ ဈေးတန်းအတွင်း သွားလာလျက်ရှိသော အများပြည်သူများအား နှာခေါင်းစည်း mask အခု ၁၅၀ နှင့် အဝါရောင် အင်္ကျီအထည် ၁၀ဝ တို့ကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်းသိ ရသည်။

မြသန္တာဝင်း(ပြန်/ဆက်)