လွိုင်လင်မြို့နယ်၌ ICE ၅၀၁ ကီလို သိမ်းဆည်းရမိ

နေပြည်တော်  ၁၈   သြဂုတ် 


လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၌ ဩဂုတ် ၁၆ ရက် နံနက် ၁၁ နာရီတွင်  လွိုင်လင်မှ တောင်ကြီးသို့ တာချီလိတ်မြို့ ပါလျှံရပ်ကွက် နေစိုင်းအောင်နိုင်ထွန်း(၄၅)နှစ် မောင်းနှင်ပြီး တာချီလိတ်မြို့၊ ရန်နိုင်(၁)ကျေးရွာနေနော်ဂျာ(၃၇)နှစ် လိုက်ပါလာသည့် 1N/ xxxx Isuzu ၆ ဘီးယာဉ်အား သက်သေများနှင့် အတူရပ်တန့်ရှာဖွေစစ်ဆေးရာယာဉ် နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် ICE ၅၀၁ ကီလို (၁ ကီလိုလျှင် သိန်း ၂၅၀ နှုန်းဖြင့် တန်ဖိုးငွေကျပ်သိန်း ၁၂၅၂၅၀)အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်တရားခံများဖမ်းဆီးရမိရေးကို ဆောင်ရွက်လျက်ရှိပြီး တရားခံများကို ဥပဒေနှင့် အညီအမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။


MDN