လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်

လွိုင်ကော်၊  ၂၂    ဇန်နဝါရီ  

ကယားပြည်နယ်  လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် အဘိုးအဘွားများအား ပုံမှန် လူမှုရေးပင်စင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေး အပ်ခြင်းကို ဇန်နဝါရီ ၂၂ ရက်  နံနက် ၁၀ နာရီက  လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် လွိုင်ကော်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်တင်မာဝင်း ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးစိန်လင်း နှင့် တာဝန်ရှိသူတို့က အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေ ကျပ် သုံး သောင်းကို အုပ်ချုပ်ရေးမှူးရုံး နှင့် နေအိမ်များသို့ သွားရောက် ပေးအပ်ခဲ့ကြောင်းနှင့် ဒီးမော့ဆို ၊ ဖရူဆို ၊ ရှားတော မြို့နယ်များတွင်လည်း ထောက်ပံ့ပေးခဲ့သည်။

လွိုင်ကော်ခရိုင်းအတွင်းရှိ မြို့နယ် (၄) မြို့နယ်တွင် အဘိုး(၃၀၄)ဦးနှင့် အဘွား(၄၇၅)ဦး စုစုပေါင်း အဘိုးအဘွား (၇၇၉) ဦးအတွက်ထောက်ပံ့မည့်ငွေမှာ (၂၃၃၇၀၀၀၀)ကျပ် ဖြစ်ပြီး ၊ အသက်(၁၀၀)နှစ်နှင့်အထက် အဘိုးအဘွား (၃၁) ဦးအတွက် ထောက်ပံ့ပေးမည့်ငွေမှာ (၉၃၀၀၀၀) ကျပ် ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်ထွန်းလေး (ပြန်/ဆက်)