လွိုင်ကော်မြို့၌ စုပေါင်းလူထုလမ်းလျှောက်ပွဲ စတင်ဆင်နွှဲ

လွိုင်ကော် ၂   နိုဝင်ဘာ

 

ပြည်သူများအနေနှင့် ကျန်းမာကြံ့ခိုင်သော လူမှုနေ့စဉ် ဘဝများကို ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်၍ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက လွိုင်ကော်မြို့၊ နာရီစင်စုရပ်မှ စတင်ကျင်းပသည်။

 

1

 

အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးပြီး နာရီစင်စုရပ်မှ ကန္ဒရဝတီလမ်းမကြီး၊  (၉)လမ်း၊ သီရီဒေါလမ်း၊ ခရိုင်ဝန်လမ်းမှတဆင့် ကန္ဒာဟေဝန်ပန်းခြံ၊ ကန္ဒာရဝတီကျောက်သားရင်ပြင်တွင် ပြန်လည်စုစည်း၍ ကိုယ်လက်လှုပ်ရှားမှု သွေးပူလေ့ကျင့်ခန်းများ အတွဲ(၁)နှင့်(၂) ဆောင်ရွက်ခြင်း၊ Zumba အကများဖြင့် ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲ တစ်ရပ်အဖြစ် ကျပ်(၅) သိန်းတန်ဖိုးရှိ အားကစားပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်း (၅၀)ကျော်ကိုလည်း လေ့ကျင့်ခန်းများ ပြုလုပ်မှု အပြီးတွင် မဲများဖွင့်ဖောက်၍ ဆောင်ရွက်ပေးခဲ့သည့်အပြင် ဘောလီဘောပြိုင်ပွဲနှင့် ထုတ်စည်းထိုး ပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည်။

 

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နှင့် ဇနီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ အားကစား ဝါသနာရှင် တိုင်းရင်းသားမိဘညီအစ်ကိုများ စုစုပေါင်း အင်အား (၁၆၀၀၀)ဦးခန့် စုပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။

 

1

 

ထို့အပြင် စုပေါင်းလူထုလမ်းလျှာက်ပွဲများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့များတွင် လွိုင်ကော်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့များတွင် ကျေးရွာအုပ်စုများအလိုက်  အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ရာ (၃.၁၁. ၂၀၁၉) ရက်နေ့တွင် လောပိတကျေးရွာအုပ်စု၊ လောပိတကျေးရွာတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

လွိုင်ကော်သား