လှိုင်းဘွဲမြို့နယ်တွင် Banking Software System ဖြင့် ဆောင်းချေးငွေများ စတင်ထုတ်ချေး

လှိုင်းဘွဲ ၊  ၁၈ ဒီဇင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လှိုင်းဘွဲမြို့နယ်ဘဏ်ခွဲမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် ဆောင်းချေးငွေများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆောင်းချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် ခက်ခဲမှုမရှိစေရန်အတွက် တောင်သူများအား ငွေစုစာအုပ်များကို Manual စနစ်မှ Dot Matrix Printer (Specialized Pass book Printer)ဖြင့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ Banking Software System (Computerized Software System)ကို အသုံးပြုပြီး ဆင်ကူးကျေးရွာမှ တောင်သူ(၉)ဦးအား (၁၃၁)သိန်းကို Saving Pass Book အသစ်များဖြင့် တောင်သူများထံသို့ စတင်ထုတ်ပေးခဲ့သည်။

 

လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် လှိုင်းဘွဲမြို့နယ်ဘဏ်ခွဲမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်းချေးငွေများကို သိန်း(၃၀၀) အထိ တောင်သူများအား ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ခဲ့ပြီး တောင်သူများအနေဖြင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၁၇)ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ လာရောက်၍ ထုတ်ချေးနိုင်ကြောင်း လှိုင်းဘွဲမြို့နယ် မန်နေဂျာ ဒေါ်တင်မေကြည်ထံမှ သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)