လှိုင်းဘွဲမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး စပါးမျိုးဆားရည်စိမ်ခြင်းနှင့် ပညာပေး လက်တွေ့ သရုပ်ပြ

လှိုင်းဘွဲ    ၂၆    ဇွန်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်မိုးရာသီးစိုက်ပျိုးရေးကာလ၌ တောင်သူများ စပါးပိုမိုထွက်ရှိရေးနှင့်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် ယနေ့နံနက်ပိုင်းက ကွမ်တာကျေးရွာအုပ်စု၌ စပါးမျိုးစေ့ဆားရည်စိမ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝင်းမင်းထက်က မျိုးစေ့ဆားရည်စိမ်ခြင်းဖြင့် အောင်မြင်ပြည့်ဖြိုးသော မျိုးကောင်းမျိုးသန့်စပါးများ ရရှိစေရန်၊ စပါး အထွက်နှုန်း ကောင်းမွန်စေရန် ရည်ရွယ်၍ သရုပ်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မိုးမြင့်မြင့်မောင်က ဆားရည်ဖျော်နည်း အဆင့်ဆင့်နှင့် မျိုးစေ့ဆားရည် စိမ်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ လက်တွေ့သရုပ်ပြ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)