လှိုင်းဘွဲမြို့နယ်၌ ဆောင်းသီးနှံ ပြောင်း၊ နှမ်းနှင့် နေကြာစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ၂၁ ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆောင်းသီးနှံ ပြောင်း၊ နှမ်းနှင့် နေကြာစိုက် တောင်သူများ အရည်အသွေးပြည့်မီသော စားသောက်ကုန်များရရှိနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခြင်းကို ဇန်နဝါရီ  ၂၀  ရက်တွင် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေ ဦးဆောင်၍ ခရိုင် မျိုးစေ့ တာဝန်ခံ ဒေါ်ခင်သန်းအေး၊ ခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်ကြည်ကြည်ဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ပြည်နယ်သီးနှံကာကွယ်ရေး လက်ထောက်ဦးစီးမှူး ဦးအောင်ထိုက်ဦးတို့က ဆောင်းသီးနှံ ပြောင်း၊ နှမ်းနှင့် နေကြာ စိုက်ပျိုးတောင်သူ ဒေါ်လှသိန်း၊ ဒေါ်ခင်နှင်းယု စိုက်ခင်းများတွင် စိုက်ပျိုးထားရှိမှုအား စိုက်ခင်းအတွင်း ပိုးမွှား ကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပိုးသတ်ဆေး သုံးစွဲမှုအခြေအနေ၊ ဓာတ်မြေဩဇာကျွေးခြင်းနှင့် အထွက်နှုန်း ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)