လှိုင်းဘွဲမြို့နယ် လှိုင်ကော့ဖျာကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ်လမ်းခြင်း ဆောက်ရွက်

လှိုင်းဘွဲ ၊  ၈ ဒီဇင်ဘာ 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကဒီကံအုပ်စု လှိုင်ကော့ဖျာ ကျေးရွာတွင် ကျေးလက်နေ ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းကို လှိုင်ဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)မှ ထောက်ပံ့ငွေကျပ် ၁၆၄၀၀၀၀၀ ဖြင့်  လမ်း(အရှည်ပေ ၉၆၀ X  အကျယ် ၁၂ပေ X ထု ၆လက်)လုပ်ငန်းကို လက်ထောက်နည်းပညာမှူး မနှင်းအိအိလွှာ၊ လူထုစည်းရုံးရေးမှူး နန်းနုနုထွေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့ကြောင်း လုပ်ငန်း၁၀၀%ပြီးစီးပါက လှိုင်ကော့ဖျာကျေးရွာမှ အိမ်ထောင်စု (၆၅)စု လူဦးရေ(၄၂၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် လမ်းပမ်းဆက်သွယ်ရေးအဆင်ပြေချောမွေ့ လာမည် ဖြစ်ကြောင်းသိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)