လှိုင်းဘွဲမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ  ၂   စက်တင်ဘာ 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့  ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင် ဦးလင်းခိုင်က ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများ၊ ရည်ရွယ်ချက်များကို လည်းကောင်း၊ စောမျိုးသက်ဦးက ရည်မှန်းချက်နှင့်ယုံကြည်မှု၊ အလိုရှိရုံမျှနှင့် မဖြစ်နိုင်ပေစသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက  အသီးသီးပြန်လည် ဆွေနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)