လှိုင်းဘွဲမြို့၌ စာအုပ်ဈေးရောင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ ၂၀ ဖေဖော်ဝါရီ  

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

 

8520

 

ဖွင့်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့် နန်းတော်ဝင်စာပေတိုက်မှ တာဝန်ခံ ဦးနိုင်ဝင်း တို့က ဖဲကြိုဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

520

 

ထို့နောက် စာအုပ်ဈေးရောင်ပွဲတွင် တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက  လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 

63.

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတွင်   နန်းတော်ဝင်စာပေတိုက်မှ စာအုပ်ဆိုင်(၁၀)ဆိုင်က သုတ/ရသ စာအုပ်မျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ်နံနက် (၉) နာရီမှ ညနေ(၅)နာရီအထိ ရောင်းချပေးသွားမည် ဖြစ်ပြီး ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ စာပေဝါသနာရှင်များ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ၊ မိဘပြည်သူများအနေဖြင့် မည်သူမဆိုလာရောက် ဝယ်ယူနိုင်ပါကြောင်း သိရှိရပါ သည်။

           

ခင်စန်းမြင့်(ပြန်/ဆက်)

 

8520