လိပ်သိုမြို့တွင် ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းအား ယာယီပိတ်ထား

လိပ်သို  ဇူလိုင်  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အခြေခံပညာကျောင်းများအား ဇူလိုင် ၇ ရက်နေ့မှစတင်၍ ယာယီပိတ်ထားကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းမှာ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုနှုန်း မြင့်တက်လာခြင်းနှင့်  လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာရှိနေခြင်းကြောင့် ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် လိပ်သိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား ဇူလိုင် ၇ ရက်မှ ၁၆ ရက်အထိ ခေတ္တယာယီပိတ်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

နွယ်နွယ်ခိုင်(ပြန်/ဆက်)