လိပ်သိုမြို့ စိန်ဒေါမိနစ်ကျောင်းတိုက်၊ စိန်ဖရန့်စစ် ဆေးလ်ဗီယာ သီလရှင်ကျောင်းနှင့် သံမိုးတောင် ကျေးရွာ ကတ်သလစ် ဘုန်းကြီးကျောင်းတိုက်တို့အား ထောက်ပံ့ငွေများ ပေးအပ်

လိပ်သို  ၂၈  စက်တင်ဘာ 

 

ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်  ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဒေါမိနစ် ကျောင်းတိုက်၊ စိန်ဖရန့် စစ်ဆေးလ်ဗီယာ သီလရှင်ကျောင်းနှင့် သံမိုးတောင်ကျေးရွာ ကတ်သလစ် ဘုန်းကြီးကျောင်းတိုက်တို့အား ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။       

 

mdn

 

ထိုသို့ ပေးအပ်ရာတွင် သံတောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် လိပ်သိုတိုက်နယ်ဆရာဝန် ဒေါက်တာ ဇေယျာဦးတို့က လိပ်သိုမြို့ စိန်ဒေါမိနစ် ကျောင်းတိုက်၊ စိန်ဖရန့်စစ်ဆေးလ်ဗီယာ သီလရှင် ကျောင်းနှင့် သံမိုးတောင်ကျေးရွာ ကတ်သလစ် ဘုန်းကြီးကျောင်းတိုက်တို့အား ကိုဗစ်-၁၉ ကာလအတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့်  ထောက်ပံ့ငွေများကို ကျောင်းထိုင် ဘုန်းတော်ကြီးများထံ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ် အစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း လိပ်သိုဒေသ အတွင်းရှိ  ဘုန်းကြီးကျောင်းများနှင့်  အခြေခံလူတန်းစားအိမ်ထောင်စုများအား  ထောက်ပံ့ကြေးငွေ များနှင့် လှူဖွယ်ပစ္စည်းများကိုလည်း ပေးအပ်လျက်ရှိကြောင်း သိရပါသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)